အပိုင်း (၄၂၇)

110 9 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၂၇ )   ဗာမီလီယန်ငှက် သွေးဆေးလုံး
Chapter   427

လောင်ရှောင်ရှောင်ရဲ့ အကူအညီဖြင့် ကျောက်ဖူ အဲ့ဒီဒေသမှာရှိနေတဲ့ ဘေးဆိုးသတ္တဝါ အများစုကို နေ့တစ်ဝက်အတွင်း သတ်ဖြတ်နိုင်ခဲ့ပြီး၊ သီလရမှတ် ၁၀၀၀၀၀ ကျော်ကို ရယူနိုင်ခဲ့သည်။  အဲ့ဒီဘေးဆိုးသတ္တဝါတွေထဲက အများစုဟာ အဆင့် ၃ နဲ့ အဆင့် ၃ အောက်တွေပဲ ဖြစ်သည်။ 

ဒီဒေသရဲ့ ရေလွှမ်းမိုးမှု/ ရေကြီးမှု  ပြင်းထန်မှုအတိုင်းအတာအရ အနည်းဆုံး အဆင့် ၆ ဘေးဆိုးသတ္တဝါတစ်ကောင်လောက် ရှိနေနိုင်သည်။ ထို့ကြောင့် ကျောက်ဖူ အဲ့ဒီအဆင့် ၆ ဘေးဆိုးသတ္တဝါကို ရှာဖွေနေခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ ဒီကိစ္စက အတော်လေး လွယ်ကူနေခဲ့သည်။ ဒီရေလွှမ်းမှုရဲ့ အလယ်ဗဟိုကို ဦးတည်သွားဖို့ပဲလိုအပ်တာပါ။ ဘာကြောင့်လဲဆိုတော့ အဆင့် ၆ ဘေးဆိုးသတ္တဝါဟာ ဒီရေလွှမ်းမိုးမှုရဲ့ အဓိကအရင်းအမြစ်ဖြစ်တာကြောင့်ပါ။

မကြာခင်မှာပဲ ကျောက်ဖူ အဲ့ဒီအကောင်ကို ရှာတွေ့သွားခဲ့ပါပြီ။ ဒီရေဘေးဆိုးသတ္တဝါဟာ မီတာ ၂၀၀ လောက်ရှည်လျားနေခဲ့ပြီး၊ အတော်လေးကြီးမားတဲ့အကောင်ပါ။ ဒီကောင်ကြီးက ငါးခူနဲ့ဆင်တူပြီး၊ အတော်လေး ရှည်လျားသည်။ ဒီအကောင်ကြီးမှာ ပါးစပ်ပြားပြား၊ နှုတ်ခမ်းမွေးနှစ်ချောင်းနဲ့  စွမ်းအားကြီးမားတဲ့အမြီးတို့ ရှိနေခဲ့သည်။

ကျောက်ဖူနဲ့ အစိမ်းရောင်နဂါးကို တွေ့တဲ့အခါမှာတော့ ရေဘေးဆိုးသတ္တဝါက သူတို့ကို ပထမဆုံးစတင်တိုက်ခိုက်လာခဲ့သည်။ အဲ့ဒီသတ္တဝါက သူ့အမြီးကို ဝှေ့ယမ်းလှုပ်ခတ်လိုက်ပြီး၊ ပုံသဏ္ဍာန်မဲ့ရေဓါးတွေနဲ့ သူတို့ရှိရာကို ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

အစိမ်းရောင်နဂါးက တိုက်ခိုက်မှုကို ရှောင်ရှားဖို့ စိတ်မကူးခဲ့ပါဘူး။ အဲ့ဒီနောက် သူ့ရဲ့ ကျောက်စိမ်းနဲ့တူတဲ့ဦးချိုတွေကနေ မှိန်ဖျဖျ အစိမ်းရောင်အလင်းတွေ လင်းလက်လာခဲ့ပြီး၊ တိုးဝင်သွားခဲ့သည်။ ကြီးမားတဲ့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ရေဓါးတွေဟာ ချက်ချင်းပဲ ပျက်စီးသွားခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ