အပိုင်း (၄၀၄)

114 13 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၀၄ )    ဒေသရဲ့ အရှင်သခင်
Chapter   404 

ခဏအကြာမှာတော့ ကျောက်ဖူ ဝူယန်ရဲ့ ဇနီးနှင့်သမီးတို့ကို ရင်း မိသားစုရဲ့ နေအိမ်ကို အောင်မြင်စွာ ခေါ်ဆောင်လာခဲ့နိုင်ကြောင်းကို သူ့ရဲ့ဇနီးနဲ့ သမီးဆီမှ အတည်ပြုချက်ရရှိပြီးနောက် ဝူယန် သက်ပြင်းချလိုက်ကာ စိတ်သက်သာရာရသွားခဲ့သည်။

ဒီအချိန်မှာတော့ ဝူယန်နဲ့ အခြားသူတွေဟာ အစီအစဉ်တစ်ခုကို ချမှတ်ခဲ့ပြီး၊ အဲ့ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် အခွင့်အလမ်းကို စောင့်ဆိုင်းနေခဲ့ကြသည်။

ဒါပေမယ့် သူဟာ အခုအချိန်ထိ ချိုင်းမိသားစုနေအိမ်မှာသာ နေထိုင်နေခဲ့ရတာပါ။ တကယ်လို့ သူ့မိသားစုတစ်ခုလုံး ပျောက်သွားတာကို ‌တစ်စုံတစ်ယောက်ကသာ ရှာဖွေတွေ့ရှိသွားခဲ့ပါက သူတို့ရဲ့အစီအစဉ်က ပေါက်ကြားသွားပြီး၊ သူတို့ရဲ့အသက်တွေလည်း အန္တရာယ်ရှိလာမှာပါ။

ဝူယန် ချိုင်း မိသားစုအတွက် အများကြီးလုပ်ဆောင်ခဲ့ပေမယ့် ချိုင်း မိသားစုကို သစ္စာဖောက်ခြင်းရဲ့ အကျိုးဆက်တွေကိုတော့ သူ သိနေခဲ့သည်။ သူတို့က သူ့ကို အလောင်းတောင် သေချာပေါက် ချန်ထားပေးကြမှာ မဟုတ်ပါဘူး။

ဝူယန်ထံမှ အခြေအနေေတွကို ကြားပြီးနောက် ကျောက်ဖူ သူ့စစ်တပ်ကို စတင်စုစည်းခဲ့လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက ထာဝရည အဖွဲ့ဝင်အများအပြားကို စုစည်းခဲ့လိုက်ပြီး၊ အထီးကျန် အတားအဆီးတွေ တပ်ဆင်ခိုင်းခဲ့ကာ ကင်းလှည့်စစ်သည်တွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကင်းထောက်ဖို့ အမိန့်ပေးခဲ့လိုက်သည်။

ဒီအချိန်အထိ ကျောက်ဖူ ဘယ်သူ့ကိုမျှ အပြည့်အဝ အယုံအကြည် မရှိသေးပါဘူး။ ဝူယန်ရဲ့ ဇနီးနဲ့သမီးက သူ့လက်ထဲမှာ ရှိနေပေမယ့် သူက ဝူယန်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်းကို သူ နားလည်ထားခဲ့သည်။

ဥပမာအနေနဲ့ သူ့ဇနီးနဲ့ သမီးက အတုဖြစ်နေခဲ့တာမျိုး၊ ဒါမှမဟုတ် အတော်လေး များပြားလှတဲ့ အကျိုးအမြတ်တွေအတွက် သူ့ရဲ့ဇနီးနဲ့ သမီးကို ‌စတေးလိုက်တာမျိုးဆိုရင်တော့ ကျောက်ဖူ အခြေအနေဆိုးရွားသွားနိုင်သည်။ နောက်ဆုံးမှာတော့ ကြီးမားတဲ့ အကျိုးအမြတ်တွေနဲ့ ကြုံရတဲ့အခါ မိဘတွေနဲ့ ကလေးတွေဟာ တစ်ယောက်ကို တစ်ယောက်သတ်ပစ်နိုင်ကြသလို မောင်နှမအချင်းချင်းလည်း သစ္စာဖောက်သွားနိုင်ကြတာပဲ၊ မဟုတ်ပါလား။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Waar verhalen tot leven komen. Ontdek het nu