အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၄၂ ) လေးခုမြောက်ဒေသ
Chapter 442ကျောက်ဖူ မြင်ကွင်းတစ်ခုလုံးကို ဖိနှိပ်ထားတာကို တွေ့လိုက်ရပြီး၊ ထိပ်တန်းအဖွဲ့အစည်းတွေရဲ့မျက်နှာတွေဟာ ရှုံ့မဲ့နေတာကြောင့် ရင်း မိသားစုခေါင်းဆောင်တွေဟာ ကျောက်ဖူကို မလေးစားဘဲ မနေနိုင်တော့ပါဘူး။ နောက်ဆုံးမှာတော့ သူတို့ထဲက တစ်ယောက်မှ ဒီလိုဖြစ်သွာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ဖူမှာ ဒီလို ရှားပါးတဲ့ အရည်အချင်းတစ်ခု ရှိနေတာကြောင့် သူတို့တွေ အံ့သြနေခဲ့ကြတာပါ။
လူတွေအားလုံးက ကိုးရိုးကားရားနဲ့ အဆင်မပြေတဲ့ပုံကို ကြည့်လိုက်ပြီး၊ ကျောက်ဖူ ဒီနေရာမှာ ဆက်မနေချင်တော့ပဲ၊ အသက်ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက်ရင်း ပြောလိုက်သည်။
"တခြားဘာပြောစရာမှမရှိတော့ရင် ငါ အခုသွားတော့မယ်"
ဒီစကားကိုပြောပြီးနောက် ကျောက်ဖူ ထွက်ခွာဖို့ နောက်လှည့်လိုက်သည်။
"မဟာ ချင်ရဲ့ အမွေခံက ကျန်တဲ့တရုတ်ပြည်ရဲ့အဖွဲ့အစည်းတွေနဲ့ ရန်သူဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာလား။ ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းတို့ ကောင်းကောင်း စဉ်းစားထားသင့်တယ်။ "
မျက်ခုံးထူထူနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီးနဲ့ ပြောလိုက်သည်။
ကျောက်ဖူ အေးစက်စက် ချောင်းတစ်ချက်ဟန့်လိုက်ရင်း အဲ့ဒီမျက်ခုံးထူထူနဲ့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး၊ ထပ်တူညီတဲ့ ဒေါသနဲ့ ပြန်ပြောလိုက်သည်။
"မင်းက မဟာ ချင်ကို ခြိမ်းခြောက်နေတာလား။ မင်း ကြိုးစားကြည့်နိုင်တယ်။ ဒါပေမဲ့ မဟာ ချင်ကို ဘယ်သူ့မှ ခြိမ်းခြောက်နိုင်မှာတော့ မဟုတ်ဘူး။ ငါတို့တွေကို စော်ကားသူတိုင်းကို ငါတို့က ဘာသနားကရုဏာမှ ပြသမှာ မဟုတ်ဘူး။ မဟာ ချင်က သေချာပေါက် အဲ့ဒီသူတွေအားလုံးကို သတ်ဖြတ်မှာပဲ။ "
မဟာ ချင်က အခြေအနေတွေအားလုံးကို ထိန်းချုပ်ထားခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ မသေမျိုးဘေးအန္တရာယ်က အတော်လေး ကြောက်စရာကောင်းနေခဲ့တာကြောင့်ပါ။ ထို့ကြောင့် မျက်ခုံးထူထူနဲ့ သက်လတ်ပိုင်းအရွယ်လူက မဟာ ချင်နှင့် ရန်သူမဖြစ်ရဲခဲ့ပါဘူး။ ကျောက်ဖူ အဲ့ဒီသက်လတ်ပိုင်းအရွယ်လူရဲ့ အပြုအမူတွေကို ဖိနှိပ်ထားနိုင်ခဲ့သည်။