အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၉၆ ) ဘယ်သူ့ကိုမှ ချမ်းသာမပေးနဲ့
Chapter 396" ကျွန်တော်အနေနဲ့ ဘုရင်မင်းမြတ်ကို ဝမ်မိသားစုရဲ့အဓိကမိသားစုမှာရှိတဲ့ သားမြေးတွေအားလုံးကို သတ်ပစ်စေချင်ပါတယ်။ သူတို့တွေကို ကောင်းကင်ဘုံ နိုးထခြင်းကမ္ဘာမှာရော အစစ်အမှန်ကမ္ဘာမှာပါ သတ်ပစ်စေချင်တာပါ။ "
ဝမ်ရှောင်းဇူ အလွန်အမင်း နာကျည်းမုန်းတီးနေပြီး၊ သတ်ချင်ဖြတ်ချင်တဲ့စိတ်တွေနဲ့ ပြောဆိုလိုက်သည်။ ဒီစကားကြောင့် ကျောက်ဖူဝောာင် အံ့အားသင့်သွားခဲ့သည်။ ဒီလိုလူငယ်လေးတစ်ယောက်မှာ သတ်ချင်ဖြတ်ချင်စိတ်တွေ ရှိနေတာမျိုးက အတော်လေး ရှားပါးတာကြောင့်ပါ။
ဒီစကားကို သူ ကြားလိုက်တဲ့အခါမှာတော့ ကျောက်ဖူ အဲ့ဒီကိစ္စကို စဉ်းစားနေခဲ့သည်။ ကျန်း ပြည်ထောင်ကို တိုက်ခိုက်ပြီး၊ ဝမ် မိသားစုရဲ့ လူတွေအားလုံးကို သတ်ဖြတ်ရတာက ပြဿနာမရှိပေမယ့်၊ သူတို့တွေကို အစစ်အမှန်ကမ္ဘာမှာပါ သတ်ဖြတ်ဖို့ဆိုတာကတော့ အတော်လေး ခက်ခဲမှာပါ။
အခုအချိန်ထိ အစစ်အမှန်ကမ္ဘာမှာ အမိန့်အာဏာတွေ တည်မြဲနေပါသေးတယ်။ ဒါကြောင့်ကို ဖျက်ဆီးဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားနိုင်တဲ့ အဆင့်ကို ရောက်သွားနိုင်သည်။ ဒါ့အပြင် ဝမ် မိသားစုဟာ အမွေအနှစ်တစ်ခုရရှိထားတဲ့ မိသားစုတစ်စု ဖြစ်နေတာကြောင့် ရင်း မိသားစုတောင် သူတို့တွေကို အလွယ်တကူ မဖယ်ရှားနိုင်ပါဘူး။
ကျောက်ဖူ အဲ့ဒီလူငယ်ကို ကြည့်နေခဲ့သည်။ အဲ့ဒီလူငယ်နဲ့ ဝမ် မိသားစုတို့ ကြားမှာ ဘယ်လိုရန်ငြိုးတွေ ရှိတယ်ဆိုတာ သူ မသိပါဘူး။ ဒါပေမဲ့ သူ ပြန်ပြောလိုက်သည်။
"ငါ့အနေနဲ့ ဝမ် မိသားစုဝင်တွေကို ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးမှာပဲ သတ်နိုင်မယ်။"
ဝမ်ရှောင်းဇူ ခဏလောက် စဉ်းစားလိုက်ပြီး၊ ထပ်မေးလိုက်သည်။
“ ဘုရင်မင်းမြတ်၊ ကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာကြီးက အစစ်အမှန်ကမ္ဘာကြီးကို ဝါးမြိုဖျက်ဆီးပြီးရင်ရော ဝမ် မိသားစုကို သတ်ပေးနိုင်မလား”