အပိုင်း (၄၇၆)

113 7 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၇၆ )    အကြွေးတစ်ခုရှိတယ်၊ အခုဆပ်ဖို့အချိန်ကျပြီ
Chapter   476

  ဒီအချိန်မှာတော့ ဆအားသည် အခြေခံမြို့တော်တစ်ခုရဲ့ မြို့တော်အရှင်သခင်ဖြစ်နေခဲ့ပါပြီ။ မန်ရှန်းသည် စနစ်အဓိကမြို့တော်ကြီးတစ်ခုရဲ့ မြို့တော်အရှင်သခင် ဖြစ်သည်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး၊ ရှီဂျင်းကို တားဆီးထားခဲ့ကြသည်။ ထို့ကြောင့် ကျောက်ဖူ ဒီကိစ္စကို ကြိုတင်စီစဉ်ထားခဲ့တာကြောင့် သူ့နောက်ကိုလိုက်လာတဲ့ ရှီဂျင်းကို ဂရုမစိုက်ခဲ့တာပါ။

ဝမ်ဂျင်း၊ ဝေလျောင်နှင့် ဘိုင်ချီတို့သည် အခြားမြို့တော်သုံးခုက အကူအညီပေးတာကို ဟန့်တားဖို့အတွက် အခြားမြို့တော်သုံးခုအနီးမှာ တပ်စွဲထားခဲ့ကြသည်။

အခြားမြို့တော်အရှင်သခင်သုံးယောက်က ၀င်ရောက်စွက်ဖက်တာကို တားဆီးဖို့ မလိုအပ်ခဲ့ဘူးဆိုရင်တော့ ကျောက်ဖူ သူ့ရဲ့မြို့တော်အရှင်သခင်တွေအားလုံးကို စုစည်းပြီး၊ ရှီဂျင်းကို ခေါ်ထုတ်လာပြီးနောက် သတ်ပစ်လိုက်မှာပါ။

ဘာ့ကြောင့်လဲဆိုတော့ မဟာ ချင်မှာ ကျောက်ဖူအပါအဝင် မြို့တော်အရှင်သခင်ခြောက်ယောက်ရှိနေခဲ့တာကြောင့် ရှီဂျင်းအနေနှင့် ခြောက်ယောက် တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရင်တော့  သေချာပေါက် ရှုံးနိမ့်သွားမှာပါ။

သို့သော်လည်း ကျောက်ဖူ အသက်သစ်သီးကို ရယူလိုတာကြောင့် အဲ့ဒီအစီအစဉ်ကို မလုပ်ခဲ့ပါဘူး။

အဲ့ဒီနောက် ကျောက်ဖူ အရှေ့ဖက်အစိမ်းရောင်ဒေသရဲ့ နက်ရှိုင်းတဲ့ တောအုပ်ဆီကို ဆက်လက်ပျံသန်းနေစဉ်မှာ ဆအားနဲ့ မန်ရှန်းတို့က ရှီဂျင်းကို   ဆက်လက်တားဆီးထားခဲ့ကြသည်။ ဒီလူနှစ်ယောက်ရဲ့ စွမ်းအားတွေကို ခံစားမိတဲ့အခါမှာတော့ ရှီဂျင်း တုန်လှုပ်သွားခဲ့ပါပြီ။ သူတို့နှစ်‌ယောက်အနက်မှ တစ်ယောက်သည် စနစ်အဓိကမြို့တော်ကြီးတစ်ခုရဲ့ မြို့တော်အရှင်သခင် စွမ်းအားတွေ ရှိနေပြီး၊ နောက်တစ်ယောက်က အခြေခံမြို့တော်တစ်ခုရဲ့ မြို့တော်အရှင်သခင် စွမ်းအားတွေ ထွက်ပေါ်နေခဲ့တာကြောင့်ပါ။ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ဆိုရင်တော့ အဲ့ဒီနှစ်ယောက်ဆီက လွတ်မြောက်ဖို့ဆိုတာ အတော်လေး ခက်ခဲမှာပါ။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Wo Geschichten leben. Entdecke jetzt