အပိုင်း (၄၈၃)

103 6 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၈၃ )    မြို့တော်အား ဖျက်စီးခြင်း
Chapter   483

"ငါတို့တွေ ဘာဆက်လုပ်ကြမလဲ။"

  အစိုးရအရာရှိတွေက စိုးရိမ်ပူပန်စွာနဲ့ ဒီကိစ္စကို ဆွေးနွေး နေခဲ့ကြသည်။ အကြောင်းအရင်းကတော့ ဒီအချိန်ဟာ သူတို့ဘ၀ကို အဆုံးအဖြတ်ပေးတော့မည့် အခိုက်အတန့် ဖြစ်နေခဲ့တာကြောင့် သူတို့တွေအနေနဲ့  အလျင်စလို ပြောဆိုဖို့ လို နေခဲ့တာကြောင့်ပဲဖြစ်သည်။

ဒီအချိန်မှာ သူတို့တွေအနေနဲ့ လက်နက်ချပြီး၊  အသက်ရှင်နိုင်သလို တွန်းလှန်ပြီးလည်း သေနိုင်သည်။ ဒါပေမယ့် သူတို့တွေမှာ အောင်မြင်ဖို့အခွင့်အလမ်းတော့ မရှိပါဘူး။

မျက်လုံးသေးသေးလေးနှင့်အတော်လေး အရပ်ပုတဲ့ အစိုးရအရာရှိတစ်ယောက်က ကြောက်ကြောက်လန့်လန့်နဲ့ ပြောလိုက်သည်။

"ငါတို့တွေ လက်နက်ချသင့်တယ်လို့ ငါထင်တယ်။ ငါတို့ဆက်ပြီးခုခံရင်တော့ ငါတို့က အစုလိုက် အပြုံလိုက် အသတ်ခံရနိုင်တယ်။ ဒီအပြစ်မဲ့တဲ့ ဒေသခံတွေအတွက် မင်းတို့ထည့်စဉ်းစားကြည့်ပါ။ "

  တကယ်လို့ ရှီဂျင်းသာ အသက်ရှင်နေသေးရင်တော့ အနည်းဆုံးတော့ သူက လူတိုင်းကို သစ္စာရှိဖို့ ပြောမှာက သေချာသည်။  ဒါပေမယ့် အခုအချိန်မှာတော့ သူက သေသွားခဲ့ပြီဖြစ်တာကြောင့် လူတိုင်းက ကိုယ့်အကြောင်းကိုယ်သာ (ကိုယ့်အတွက်ပဲ) စဉ်းစားနေခဲ့ကြသည်။ ဘယ်သူမှ မသေချင်ကြပါဘူး။ တစ်စုံတစ်ယောက်အနေနဲ့ အရာအားလုံးကို ဆုံးရှုံးသွားရင်တော့ ဒီကမ္ဘာကြီးမှာ မပျော်နိုင်တော့ပါဘူး။

သို့သော် ဒီစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့ ဗလတောင့်တောင့်နဲ့ လူတစ်ယောက်က စိတ်မချမ်းမသာစရာဖြစ်သွားခဲ့ပြီး၊ ချောင်းဟန့်ကာ ပြောလိုက်သည်။

  "မင်းက ရူးသွပ်ပြီး၊ သတ္တိဘောကြောင်တဲ့ကောင်ပဲ။ မင်းက ဒေသခံတွေကိုထိခိုက်ရုံနဲ့ ငါတို့က ဘာလို့လက်နက်ချရမှာလဲ။ ငါတို့တွေ မြို့တော်အရှင်သခင်အတွက် လက်စားချေဖို့အတွက် တတ်နိုင်သလောက် သူတို့ထဲက လူများများကို သတ်တာ အကောင်းဆုံးပဲ။ "

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Onde histórias criam vida. Descubra agora