အပိုင်း (၄၉၅)

82 5 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၉၅ )    မင်းဆက် အမွေခံ
Chapter   495

ဒီစစ်တပ်ကြီးမှာ စစ်သည် ၄၀၀၀၀၀ လောက်ရှိနေခဲ့ပြီး၊ သူတို့ထဲမှ ထက်ဝက်သည် အဆင့် ၁ ကျင့်ကြံမှု ရှိနေခဲ့ပြီး၊ ကျန်အခြားတစ်ဝက်သည် အဆင့် ၁ ‌ကျင့်ကြံမှုနှင့် နီးကပ်ခဲ့နေခဲ့ပါပြီ။

ဒီအခြေအနေကိုမြင်တဲ့အခါမှာတော့ ဘိုင်ရုရှန်   ကစားသမားတွေကို စုဆောင်းဖို့အတွက် အရေးပေါ် တာဝန်တွေ ချက်ချင်းထုတ်ပြန်ခဲ့သည်။  အဖြူရောင်သစ်ရွက်မြို့တော်ရဲ့ ကိုယ်ပိုင်အင်အားဖြင့်ဆို အဖြူရောင်သစ်ရွက်မြို့တော်ကိုခုခံကာကွယ်ဖို့က မဖြစ်နိုင်ပါဘူး။ အခြေအနေတွေက အတော်လေး အန္တရာယ်များနေခဲ့ပါပြီ။

မြို့ရိုးနံရံအောက်မှာ ရှိနေတဲ့ စစ်တပ်ကြီးက ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ကာ တိုက်ခိုက်မလာခဲ့တာကြောင့် ဘိုင်ရုရှန် အတော်လေး အံ့အာသင့်သွားခဲ့ရသည်။ ဘာဘဲဖြစ်ဖြစ် အခုအချိန်ဟာ သူတို့တွေအနေနဲ့ မပြင်ဆင်ရသေးတာကြောင့် တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ၊ မဟုတ်ပါလား။ ဒါပေမယ့် သူတို့တွေက ဘာလို့ ဒီလိုရုတ်တရက်ကြီး ရပ်တန့်သွားခဲ့ကြတာလဲ။

အဲ့ဒီနောက်မှာတော့ အနက်ရောင် စစ်မြင်းတွေ စီးဆင်းထားကြတဲ့ လူ ၂၀ လောက်ဟာ အဲ့ဒီစစ်တပ်ကြီးကနေ ခွဲထွက်ပြီး၊ ရှေ့ကို ထွက်လာခဲ့ကြသည်။ အဲ့ဒီလူတွေကို မြင်တဲ့အခါမှာတော့ ဘိုင်ရုရှန်ရဲ့ မျက်လုံးတွေဟာ မှေးစင်းသွားခဲ့ပြီး၊ အတော်လေး ထိတ်လန့်ခြောက်ခြားသွားခဲ့သည်။ အဲ့ဒီထဲက လူရှစ်ယောက်က မြို့တော်အရှင်သခင်တွေ ဖြစ်နေတာကြောင့်ပါ။

သူတို့ထဲမှ ငါးယောက်ဟာ စနစ်အဓိကမြို့တော်ကြီးတွေရဲ့ မြို့တော်အရှင်သခင်တွေဖြစ်ကြပြီး၊ ကျန်တဲ့သုံးယောက်ကတော့ အခြေခံမြို့တော်ကြီးတွေရဲ့ မြို့တော်အရှင်သခင်တွေပဲဖြစ်သည်။   သူတို့တွေထဲက တစ်ယောက်မှ သူ့တို့ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်မထားတာကြောင့် ဘိုင်ရုရှန် အဲ့ဒီကိစ္စကို ချက်ချင်း သိနိုင်ခဲ့တာပါ။ ဒီအချက်က ကျောက်ဖူ လိုချင်နေတဲ့ အရာပဲဖြစ်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now