အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၆၂ ) ဂျင်ရှန်းမျိုးနွယ်စု
Chapter 462အစစ်အမှန်ကမ္ဘာကို ပြန်ရောက်လာပြီးနောက် ကျောက်ဖူ မရေမတွက်နိုင်တဲ့အဖွဲ့တွေမှ ကိုယ်စားလှယ်တွေဟာ ရင်း မိသားစုအိမ်တော်ဝန်း အတွင်းစုရုံးနေတာကို တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါတဲ့ခန်းမတစ်ခုဟာ လူတွေနှင့်ပြည့်နှက်နေခဲ့တာကြောင့် မြင်ကွင်းက အတော်လေး တက်ကြွနေခဲ့သည်။ တက်ရောက်သူတွေက အဆင့်အတန်းမြင့်မားတဲ့ အ၀တ်အစားမျိုးစုံကို ၀တ်ဆင်ထားခဲ့ကြပြီး၊ အရေးကြီးကိစ္စတွေကို တိုင်ပင်ဆွေးနွေးနေခဲ့ကြသည်။
လူငယ်တစ်ယောက်က အဲ့ဒီနေရာကို သက်တော်စောင့်တစ်စုနှင့်အတူ လမ်းလျှောက်နေစဉ်မှာတော့ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး၊ မရေမတွက်နိုင်တဲ့ လူတွေရဲ့ အကြည့်တွေက အဲ့ဒီလူငယ်အပေါ်ကို စုရုံးရောက်ရှိသွားခဲ့ကြသည်။
ကျောက်ဖူ မဟာ ချင်ရဲ့ ရှေ့မှာ ရှိနေတဲ့ အတားအဆီးတွေကို လျှော့ချလိုတာကြောင့် ညှိနှိုင်းဖို့ သဘောတူခဲ့တာပါ။ တကယ်လို့ သူ့အနေနဲ့ သူတို့အားလုံးကိုသာ ဖျက်ဆီးချင်ရင်တော့ ကြိုးစားအားထုတ်မှုတွေ၊ စတေးရမှုတွေအများကြီး လိုအပ်မှာပါ။ ထို့အပြင် သူတို့ကလည်း သေတဲ့အထိ(နောက်ဆုံးအချိန်ထိ) ခုခံတွန်းလှန်နိုင်သွားနိုင်သည်။
လက်ရှိအချိန်မှာ မဟာ ချင်အနေနဲ့ မသေမျိုးကပ်ဘေးကို အဓိကမှီခိုအားထားနေရသည်။ မသေမျိုးကပ်ဘေးကို အနိုင်မရနိုင်ဘူးလို့ ထင်ရပေမယ့် စည်းလုံးညီညွတ်မှုရှိတဲ့ ကစားသမားသန်း ၂၀ လောက်ကို စုဆောင်းပြီး၊ တိုက်ခိုက်လိုက်ရင်တော့ မသေမျိုးတပ်ဖွဲ့က ပျက်ဆီးသွားနိုင်သည်။
သူတို့တွေ ရှုံးနိမ့်ရတဲ့အကြောင်းအရင်းက ယုံကြည်မှုလွန်ကဲပြီး၊ စည်းလုံးမှုမရှိတာကြောင့်ပါ။ သာမန်ပြည်သူအများစုဟာ စစ်မြေပြင်မှာ ယခင်က မတိုက်ခိုက်ခဲ့ဖူးတာကြောင့် သူတို့က စစ်တပ်တွေလို ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။
ကျောက်ဖူ မသေမျိုးကပ်ဘေးကို ဘယ်သူမှ တားဆီးလို့မရနိုင်တဲ့အဆင့်အထိ ကြီးထွားစေချင်နေခဲ့သည်။ ယခုအချိန်မှာ မသေမျိုးကပ်ဘေးရဲ့စွမ်းရည်စကေးက အတော်လေး အားနည်းနေသေးတယ်လို့ သူ ခံစားခဲ့ရသည်။ အလယ်ပိုင်းကုန်းမြေတိုက်ကြီးရဲ့ မြောက်ဘက်ခြမ်းတွင် အကြမ်းဖျင်းအားဖြင့် ဒေသ ၂၀၀၀ လောက်ရှိနေသည်။ သို့သော် မသေမျိုးတပ်ဖွဲ့က ဒေသရှစ်ခုကိုသာ ဒီအချိန်မှာ ဖြတ်သန်းနိုင်သေးသည်။