အပိုင်း (၄၈၅)

105 4 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၈၅ )    ကျောက်ဘီလူးတံတိုင်းနံရံ
Chapter   485 

ကျောက်ဖူ မဟာ ချင်ရဲ့ နယ်နိမိတ်လေးခုအတွက် ကျန်တဲ့ခန္ဓာကိုယ် ကျောက်တုံးတွေကို အနာဂတ်မှာ အသုံးပြုဖို့ စီစဉ်ခဲ့လိုက်သည်။ အဲ့ဒီနေရာတွေကတော့ တရုတ်နှင့်အခြားနိုင်ငံတွေအကြားနယ်နိမိတ်တွေပဲဖြစ်ပြီး၊ ဒီနယ်မြေတွေဟာ တိုက်ပွဲများစွာကို ကျိန်းသေပေါက်ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အဲ့ဒီနယ်နိမိတ်တွေမှာ အားကောင်းတဲ့ အကာအကွယ်မှုတွေလိုအပ်မှာပါ။

  ဗဟိုမြို့တော်ဖြစ်လာမည့် မဟာ ချင်မြို့တော်အတွက်ဝောာ့ အလွန်အရေးကြီးသည်။ သို့သော်ရန်သူတွေသာ မဟာ ချင်မြို့တော်အထိ တိုက်ရိုက်တိုက်ခိုက်လာနိုင်ရင်တော့ မဟာ ချင်အနေနဲ့ အဆုံးအရှုံးများသွားနိုင်သည်။

နောက်ဆုံးမှာတော့ အဖွဲ့အစည်းတစ်ခုရဲ့အမာခံ( အမြုတေ)ဟာ မပျက်ဆီးသွားခဲ့ရင်တောင်မှ အင်အားချိနဲ့သွားနိုင်သည်။ ထို့ကြောင့် ဗဟိုမြို့တော်သည် အင်အားကြီးမားနေရုံနှင့်မလုံလောက်ပါဘူး။ အခြားမြို့တော်တွေမှာလည်း ခံစစ်အကာအကွယ်တွေ ဖန်တီးနိုင်တဲ့ အင်အားရှိဖို့လည်း လိုအပ်သည်။

ထို့ကြောင့် ကျောက်ဖူ မဟာ ချင်မြို့တော်ကိုသာ အာရုံမစိုက်ခဲ့ပါဘူး။ ဗဟိုမြို့တော်အတွက်အကာအကွယ်တွေ ဖန်တီးနိုင်ဖို့ အခြားမြို့တော်တွေကိုပါ တိုးတက်အောင် လုပ်ရမှာပါ။ သို့မှသာ မဟာ ချင်ရဲ့အင်အားသည် ပိုမိုကြီးထွားလာနိုင်မှာပါ။ ဗဟိုမြို့တော်တစ်ခုတည်းပဲ ဘယ်လောက် အင်အားကြီးကြီး အခြားမြို့တော်တွေ ကျိုးပေါက်သွာစခဲ့ရင်တော့ အဲ့ဒီနိုင်ငံကို 'နိုင်ငံ' လို့ဝောင် ခေါ်နိုငိခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

ကျောက်ဖူ မြို့တော် အနည်းငယ်ဖြင့် အရှင်သခင်ဖြစ်ချက်နေတာ မဟုတ်ပါဘူး။ သူ အလိုရှိတဲ့ အရာက မရေမတွက်နိုင်တဲ့ မြို့တော်တွေနှင့် လက်အောက်ခံမျိုးနွယ်စုတွေ၊ ထို့နောက် အင်ပါယာတစ်ခုပဲဖြစ်သည်။

ခန္ဓာကိုယ်ကျောက်တုံးတွေကို အသုံးပြုရတာက အတော်လေး လွယ်ကူနေခဲ့သည်  တစ်ခုတည်းသော လုပ်ရမည့်အလုပ်က သူတို့တွေကို မြို့ရိုးနံရံတွေပေါ်မှာ ထားလိုက်ရုံပါပဲ။ အဲ့ဒီနောက်မှာတော့  စနစ်ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ကျောက်တုံးတွေကို မြို့ရိုးနံရံတွေထဲ ပေါင်းစည်းလိုပါသလားလို့ မေးမြန်းလာခဲ့သည်။   ' မှန်တယ်' ဆိုတာကို ရွေးချယ်ပြီးနောက် ကျောက်တုံးတွေဟာ မြို့ရိုးနံရံထဲကို သဲနုန်းတွေလို နစ်ဝင်သွားခဲ့ပြီး၊ အလိုအလျောက် ပေါင်းစပ်သွားမှာပဲ ဖြစ်သည်။ ဒီခန္ဓာကိုယ် ကျောက်တုံးတွေကို ပေါင်းစပ်ပြီးနောက် ကျောက်ဖူ စနစ်ရဲ့ နောက်ထပ်ကြေငြာချက်တစ်ခုကို လက်ခံရရှိခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Onde histórias criam vida. Descubra agora