အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၈၇ ) သူတို့အားလုံးကို သတ်
Chapter 387ရှလေးနဲ့ တုဘချင်းတို့နှစ်ယောက် အင်အားအကြီးမားဆုံး လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်အဖြစ်သာမက ကျောက်ဖူ ရွေးချယ်ထားတဲ့ ဘုရင့်အစောင့်တပ်ဖွဲ့ဝင်တွေလည်း ဖြစ်ကြသည်။ ဒါကြောင့် သူတို့တွေဟာ ကျောက်ဖူရဲ့ ဘုရင့်စွမ်းအားပါဝါ အချို့ကိုလည်း အသုံးပြုနိုင်ကြသည်။ ဒီအချိန်မှာတော့ ကျောက်ဖူရဲ့ သွေးကြောဟာ နတ်ဘုရားသတ်ဖြတ်သူ တော်ဝင် သွေးကြော ဖြစ်လာခဲ့တာကြောင့် သူတို့တွေရဲ့စွမ်းအားက ပိုအားကောင်းလာခဲ့သည်။
ရှလေးနှင့် တုဘချင်းတို့ နှစ်ယောက်လုံးက ဝိညာဉ်သရဲ အမှောင်ထုကမ္ဘာကို လျစ်လျူရှုနိုင်ခဲ့ကြပြီး၊ အဲ့ဒီပုံရိပ်ယောက် အကူအညီမပါဘဲ ဝေရှင်ကို တိုက်ခိုက်နိုင်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ဝေရှင်ရဲ့ ကံကြမ္မာနဂါးဟာ ကျောက်ဖူ ကံကြမ္မာနဂါးရဲ့ ဖိအားပေးမှုအောက်မှာ ရောက်နေခဲ့ပါပြီ။
"ဟိုင်း"
တုဘချင်း ဝေရှင်နားကို မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိသွားခဲ့ပြီး၊ သူမရဲ့ ကြီးမားတဲ့ ဓါးကြီးကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ကာ ဟစ်အော်လိုက်သည်။ သူမက များပြားလှတဲ့ ဓါးချီတွေကို စုစည်းလိုက်ပြီး၊ ဝေရှင်ကို ခုတ်ပိုင်းလိုက်တာဟာ တောင်တွေတောင် နှစ်ပိုင်းပြတ်ထွက်သွားနိုင်လောက်သည်။
ဘန်းး
ဝေရှင် သူ့ခါးမှာရှိနေတဲ့ ဓါးကိုဆွဲထုတ်လိုက်ပြီး၊ တုဘချင်းရဲ့ ကြီးမားတဲ့ ဓါးကြီးကို ပိတ်ဆို့လိုက်တဲ့အခါမှာတော့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်ကနေ ခရမ်းရောင် အရှိန်အဝါအငွေ့အသက်တွေ ထွက်ပေါ်လာခဲ့သည်။ တကယ်လို့ သူသာ ကံကြမ္မာနဂါးရဲ့ စွမ်းအားကို အသုံးမပြုခဲ့ဘူးဆိုရင်ဝောာ့ တုဘချင်းရဲ့ ခုတ်ပိုင်းချက်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ဝေရှင်ရဲ့ ဆံပင်တွေဟာ ရုတ်တရက်ဆိုသလို ထောင်ထသွားခဲ့သည်။ မယုံနိုင်လောက်အောင် ထက်မြက်စူးရှတဲ့ သွေးနီရောင် စွမ်းအင်လမ်းကြောင်းတစ်ခုက သူ့ဆီကို ခုတ်ချလာခဲ့တာကြောင့်ပါ။ ဒီတိုက်ခိုက်ချက်ကို ရှလေး လုပ်ဆောင်ခဲ့တာပါ။