အပိုင်း (၄၇၇)

100 6 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၇၇ )    မီတာထောင်နဲ့ချီတဲ့ ကျောက်တိုင်
Chapter   477 

"ငါ ဘာလိုချင်ချင် ဟုတ်လား ... မင်းက ကောင်းကင်ဘုံကျောက်တုံးမြို့တော်ကို ငါ့ကိုပေးနိုင်မလား။ "

   ကျောက်ဖူ အေးစက်စက်နဲ့ ရယ်မောလိုက်ပြီး၊ ပြန်မေးလိုက်သည်။

"လုံးဝကို မပေးနိုင်ဘူး!"

  ရှီဂျင်း ချက်ချင်းပဲ ငြင်းလိုက်သည်။ သူ့အနေနဲ့ ဒီလိုမျိုးစနစ်အဓိကမြို့တော်ကြီးတစ်ခုကိုဘယ်လိုလုပ် သူ့အနေနဲ့ပေးနိုင်မှာလဲ။ သူ့ကိုအလွန်ယုံကြည်လေးစားကြတဲ့ စစ်သည်တွေနှင့် ဒေသခံတွေရဲ့ မျက်နှာက်ု ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။

ထို့ပြင် ကောင်းကင်ဘုံကျောက်တုံးမြို့တော်ဟာ အချိန်ကြာမြင့်စွာတည်ဆောက်ခဲ့ရတဲ့ အရာတစ်ခုဖြစ်ပြီး၊ ဒီမြို့တော်ကို တည်ထောင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။  ရှီဂျင်းအနေနဲ့ ဒီမြို့တော်ကို အခြားသူယောက်အား လုပ်လိုလုပ်ပြီး၊ လက်လွှဲပေးချင်မှာလဲ။

သူ့မြို့တော်ကို ဆုံးရှုံးခဲ့ရရင်တော့ သူသည် သာမာန် အဆင့် ၄ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သွားမှာပါ။ တကယ်လို့ သူက မြို့တော်အရှင်သခင်တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရရင်တော့ အဲ့ဒီသူက အခြေခံမြို့တော်တစ်ခုရဲ့ မြို့တော်အရှင်သခင်ဖြစ်နေခဲ့ရင်တောင် အဲ့ဒီသူကို သူ့အနေနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

အဲ့ဒီအချိန် ရောက်သွားရင်တော့ သူ့ကိုသတ်ချင်တဲ့ မည်သူမဆို အလွယ်တကူ သွားနိုင်မှာပဲဖြစ်သည်။ ထို့အပြင် သူ့ကိုယ်သူတောင် ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။

ကျောက်ဖူ အခြေအနေတွေက ဒီအတိုင်းဖြစ်လာလိမ့်မည်ဆိုတာကို သိနေခဲ့သည်။ ရှီဂျင်းက ဒီအရာကိုတောင် လက်လျှော့မပေးချင်တာကြောင့် သူကဘာများကမ်းလှမ်းနိုင်ဦးမှာလဲ။ ကျောက်ထူ  စနစ်ရဲ့အဓိကမြို့တော်မှလွဲ၍ ရှီဂျင်းဆီမှာ သူ့ကို ကမ်းလှမ်းနိုင်တဲ့ အရာတွေမရှိတာကြောင့် အခြားဘာကိုမှပြောဖို့ စိတ်မ၀င်စားခဲ့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Hikayelerin yaşadığı yer. Şimdi keşfedin