အပိုင်း (၃၇၄)

137 12 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၃၇၄ )
Chapter   374      နည်းစနစ် ပစ္စည်း

ကျောက်ဖူ အချိန်ကို ကြည့်လိုက်တော့ ည ၉ နာရီထိုးနေတာကို တွေ့လိုက်ရပြီး၊ အစည်းအဝေးစဖို့ နောက်ထပ် ၁၀ နာရီလောက်ပဲ လိုတော့မှာ ဖြစ်သည်။ ရှန်းယုနဲ့ ဆွေးနွေးပြီးနောက် ဆယ်နာရီဆို လုံလောက်တယ်ဆိုတာ သူ တွေ့ရှိခဲ့သည်။

ရှန်းယုအနေနဲ့ ဒီနည်းစနစ်ပစ္စည်းကို ဖန်တီးဖို့ နှစ်နာရီလောက်ပဲ ကြာမှာဖြစ်ပြီး၊ ကျန်ရှစ်နာရီအတွင်းမှာ အဲ့ဒီအရာကို သယ်ယူပို့‌ဆောင်ရမှာပါ။

ဒီအချိန်မှာဝောာ့ အခြေအနေက ပြေလည်သွားပြီဖြစ်တာကြောင့် ကျောက်ဖူ  စိတ်သက်သာရာရသွားခဲ့ပြီး၊ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကို  ပြန်သွားခဲ့သည်။ အဲ့ဒီနောက် သူက ဘိုင်ရှန်းနဲ့  တွေ့ဆုံခဲ့ပြီး၊ အဆင့်မြင့် တယ်လီပို့ဆက်သွယ်ရေးလမ်းကြောင်းတွေ သုတသနေပြုနေတာကို ခေတ္တရပ်တန့်ထားဖို့နဲ့ စပါးခြွေလှေ့တဲ့ ကိရိယာကို ဖန်တီးနိုင်ရန် သုတေသနပြုလုပ်ဖို့ စေခိုင်းခဲ့သည်။

တစ်ချိန်တည်းမှာပဲ ကျောက်ဖူ အသေးစိတ်ပုံစံ အနည်းငယ်ကို ရေးဆွဲပြသခဲ့ပြီး၊ ဘိုင်ရှန်းနဲ့ ပညာရှင်တွေကို အကြောင်းအရာအချို့ကို ရှင်းပြခဲ့သည်။

... ...

၉ မီတာလောက် မြင့်တဲ့ စင်မြင့်တစ်ခုအထက်မှာဝောာ့ ရှန်းယု  ဝတ်ရုံရှည်တစ်စုံကို ၀တ်ဆင်ထားခဲ့ပြီး၊ စင်မြင့်ရဲ့ အလယ်ဗဟိုမှာ ရပ်နေနေခဲ့ကာ နည်းစနစ်ပစ္စည်းကို ဖန်တီးဖို့ ပြင်ဆင်နေခဲ့သည်။ သူမရဲ့ လက်တွေက စဉ်ဆက်မပြတ် လက်ဟန်တံဆိပ်တွေ ဖန်တီးနေခဲ့တာကြောင့် စွမ်းအင်လှိုင်းတွန့်တွေ ထွက်လာခဲ့ပြီး၊ အဲ့ဒီလှိုင်းတွေကနေ လေပြင်းတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။

နှစ်နာရီကြာပြီးတဲ့နောက်မှာတော့ ရှန်းယု သူမရဲ့ လက်ကောက်ဝတ်ကို အနည်းငယ် လှီးဖြတ်လိုက်ပြီး၊ ကျောက်စိမ်းဆွဲပေါ်ကို သွေးတစ်စက်ချလိုက်သည်။ အဲ့ဒီသွေးစက်က သွေးနီရောင် အက္ခရာစာသားအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ကျောက်စိမ်းလည်ဆွဲထဲကို ၀င်ရောက်သွားခဲ့သည်။ အဲ့ဒီနောက် ထိုက်ချိ သင်္ကေတရဲ့ ပုံရိပ်တစ်ခု ကျောက်စိမ်းလည်ဆွဲထဲမှာ ထွက်ပေါ်လာခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Место, где живут истории. Откройте их для себя