အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၉၆ ) မဟာ ချင် ဗီယက်နမ်ဘက်ခြမ်းအား တိုက်ခိုက်ခြင်း
Chapter 496မဟာ ချင်ရဲ့ အမွေခံက ဘယ်သူလဲဆိုတာ သူတို့မသိခဲ့ရင်တောင် အဲ့ဒီသူက သာမန်လူတစ်ယောက် မဟုတ်တာတော့ သေချာနေခဲ့သည်။ ဒီလိုမှမဟုတ်ရင်တော့ သူတို့ကို တိုက်ခိုက်ဖို့အတွက် အဲ့ဒီသူအနေနဲ့ စနစ်အဓိကမြို့တော်ကြီး နှစ်ခုနဲ့ မဟာမိတ်ပြုနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီသူမှာသာ အင်အားမရှိရင်တော့ တရုတ်ဘက်ခြမ်းမှ စနစ်မြို့တော်ကြီးနှစ်ခုအနေနဲ့ ဘယ်လိုလုပ် သူနဲ့ ပူးပေါင်းပြီး၊ တိုက်ခိုက်ဖို့ဆန္ဒရှိနိုင်မှာလဲ။
သူ့ရဲ့စစ်တပ်မှာ စစ်သည် ၄၀၀၀၀၀ လောက်ရှိနေတာကြောင့် အဲ့ဒီစစ်တပ်တစ်ခုတည်းကိုတောင် ကိုင်တွယ်ဖို့ဆိုတာက အလွန်ခက်ခဲနေခဲ့သည်။
အခုအချိန်မှာတော့ စနစ်မြို့တော်ကြီးနှစ်ခုနှင့် မရေမတွက်နိုင်တဲ့ကစားသမားတွေက သူ့ဘက်မှာ ရှိနေတာကြောင့်ဗီယက်နမ်ကစားသမားတွေအနေနဲ့ မတိုက်ခိုက်ရသေးခင်မှာပဲ ကြောက်လန့်လာခဲ့ပါပြီ။ ဗီယက်နမ်ဘက်ခြမ်းမှ စနစ်ရဲ့အဓိကမြို့ကြီးတွေဟာလည်း ထိတ်လန့်စပြုလာခဲ့သည်။
ဒီအခြေအနေမှာ သူတို့တွေက အတော်လေး အားနည်းနေခဲ့သည်။ စနစ်အဓိကမြို့တော်ကြီးတစ်ခုတည်းဆိုရင်တော့ ဒီလောက်လူအများကြီးကို ခုခံကာကွယ်နိုင်မှာ မဟုတ်တာ သေချာနေခဲ့သည်။ ထို့ကြောင့် မရေမတွက်နိုင်တဲ့ လူတွေဟာ ထိတ်လန့်စပြုလာခဲ့ပါပြီ။
ဒီသတင်းဟာ အစစ်အမှန်ကမ္ဘာမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ မဟာ ချင်နှင့် ပတ်သက်တဲ့ ဘယ်သတင်းအချက်အလက်မဆို မရေမတွက်နိုင်တဲ့ အကြည့်တွေကို ဆွဲဆောင်နိုင်တာပဲ၊ မဟုတ်ပါလား။
ဒီအချိန်မှာတော့ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာ သတင်းအချက်အလက်ဖိုရမ် အဓိက သတင်းနှစ်ပုဒ် ရှိနေခဲ့သည်။ အရောင်နှစ်မျိုး စစ်သူကြီးကြယ်နှင့် မဟာ ချင် ဗီယက်နမ်ဘက်ကို တိုက်ခိုက်ခြင်းပါ။
အရောင်နှစ်မျိုးရှိတဲ့ စစ်သူကြီးကြယ်ကို လူအများအပြားက စိတ်ဝင်စားကြတယ်ဆိုပေမယ့် အဲ့ဒီထဲက အများစုက ကြီးမားတဲ့ အဖွဲ့အစည်းကြီးတွေပဲဖြစ်သည်။ သာမန်လူတွေအနေနဲ့ ဒီလိုကိစ္စတွေကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ သို့သော် မဟာ ချင်က ဗီယက်နမ်ကို တိုက်ခိုက်တယ်ဆိုတာဟာ နိုင်ငံတကာစစ်ပွဲဖြစ်တာကြောင့် သာမန်ပြည်သူတွေက အတော်လေး စိတ်ဝင်စားခဲ့ကြသည်။