အပိုင်း (၄၆၀)

109 6 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၆၀ )    နှစ်တစ်ထောင် စစ်ဆင်ရေး/စီမံချက်
Chapter   460 

ရင်း မိသားစုခေါင်းဆောင်တွေက ကျောက်ဖူ ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ သူတို့ရဲ့မျက်နှာပေါ်မှာတော့ ကြီးမားတဲ့ အပြုံးတွေရှိနေခဲ့ပြီး၊ မဟာ ချင် ကြေညာစာတမ်းတွေကို ထုတ်ပေးနေခဲ့ကြသည်။ မရေမတွက်နိုင်တဲ့ လူတွေစုဝေးနေတာကိုမြင်တဲ့အခါမှာတော့ မဟာ ချင်ရဲ့ အမွေခံဟာ မဟာ ချင်နိုင်ငံတော်ကို သိပ်မကြာမီ ပြန်လည်ထူထောင်နိုင်တော့မယ်လို့ တွေးတောနေခဲ့ကြသည်။

ဒီကိစ္စက မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လွှဲပြောင်းပေးခဲ့သည့် အနှစ်တစ်ထောင်စီမံချက်/ စစ်ဆင်ရေးဖြစ်သည်။ ယခုနောက်ဆုံး သူတို့မျိုးဆက်မှာတော့ အောင်မြင်ပြည့်စုံနိုင်ပါပြီ။ ဒါကြောင့် သူတို့အနေနဲ့ မပျော်ရွှင်မနေနိုင်ကြပါဘူး။

ယခင်ကသူတို့တွေဟာ မဟာ ချင်ရဲ့ အမွေအနှစ်ကို အပြင်လူတစ်ယောက်က ရရှိသွားခဲ့တာကို အတော်လေး မကျေမနပ်ဖြစ်နေခဲ့ကြသည်။ သူတို့က အဲဒီ့လူကို အသိအမှတ်ပြုဖို့ငြင်းဆန်ခဲ့ပြီး၊ ဒီလိုအဖြစ်မျိုးဖြစ်သွားတဲ့အတွက် ရင်း မိသားစုအတွက် အရှက်ရစရာတစ်ခုလို့တောင် ထင်ခဲ့ကြသည်။ သို့သော်ဒီအချိန်မှာတော့ အဲ့ဒီသူက မဟာ ချင်ရဲ့အမွေအနှစ်ကို ရရှိခဲ့တာကြောင့် သူတို့တွေ ဝမ်းမြောက်ပျော်ရွှင်နေခဲ့ကြသည်။

အခုအချိန်မှာတော့ ဒီကမ္ဘာပေါ်မှာ သူ့ကို ဘယ်သူကများ ယှဉ်ပြိုင်နိုင်ဦးမှာလဲ။ အခြားမင်းဆက် အမွေခံတွေအားလုံးဟာ အတော်လေး အားနည်းလာခဲ့ပြီး၊ ဒီလူဟာ ချင်ရဲ့ပထမဆုံးဧကရာဇ်လို အံ့သြဖွယ်ကောင်းလောက်အောင် ကံကြမ္မာကဆုံးဖြတ်ခဲ့သည်။ သူဟာ မဟာ ချင်ရဲ့ အမွေခံဖြစ်သလို ရင်း မိသားစု၏ ဂုဏ်ယူဖွယ်ရာလည်းဖြစ်သည်။

"ငါတို့ဘာလုပ်သင့်လဲ။ ငါ့သားက သူတို့လက်ထဲမှာရှိနေပြီ။ ငါတို့တစ်ခုခုလုပ်မယ်ရင်တော့ သူတို့တွေက ငါ့သားကို သတ်ပစ်နိုင်လို့ မဟာ ချင်ရဲ့ ဒေါသကိုထည့်စဉ်းစားရမယ်"

ယခင်က အစိုးရအဖွဲ့အစည်းရဲ့လူတွေဟာ မဟာ ချင်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဆွေးနွေးခဲ့ကြသည်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို မဟာ ချင်က အစစ်အမှန်ကမ္ဘာမှ လူတွေကို ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးထဲကို ခေါ်ဆောင်သွားနိုင်တယ်ဆိုတာကို သူတို့ကြားခဲ့ရသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ