အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၉၁ ) မြို့တော်အရှင်သခင်စည်းတံဆိပ်
Chapter 491သိပ်မကြာခင်မှာပဲ မဟာ ချင်ရဲ့စစ်သည်တွေဟာ မြို့ရိုးနံရံတံတိုင်းတွေကို အလွယ်တကူနဲ့ ထိန်းချုပ်နိုင်ခဲ့ကြသည်။ တကယ်လို့ ကျောက်ဖူအနေနဲ့ ဝိုင်ဗန်နဂါးတွေနဲ့ အရိုးစု ၁၅၀၀၀၀ ကိုသာ ခေါ်ဆောင်လာခဲ့ရင်တော့ ဒီကိစ္စက ပိုတောင်လွယ်ကူနေဦးမှာပါ။
မြို့ရိုးနံရံတံတိုင်းကို ထိန်းချုပ်ပြီးနောက် မဟာ ချင်ရဲ့စစ်သည်တွေဟာ မြို့တော်တံခါးတွေကို ဖွင့်လှစ်ခဲ့ကြပြီး၊ ကျန်နေတဲ့ စစ်သည်တွေကို မြန်မြန်ဆန်ဆန် ဝင်ရောက်စေခဲ့ကြသည်။ မြို့ရိုးနံရံတံတိုင်းကို ဖောက်ဖျက်ခံလိုက်ရတာကို ကြားပြီးနောက် အခြားကိုဘိုးလ်တွေဟာ ဘာမှမတတ်နိုင်ခဲ့ကြပါ။ သူတို့တွေက ရန်သူစစ်တပ်ရဲ့ အဓိကအင်အားစုရဲ့တိုက်ခိုက်မှုတွေကို ခက်ခက်ခဲခဲ ခုခံတိုက်ခိုက်နေခဲ့တာကြောင့် သူတို့မှာ လူခွဲတိုက်ခိုက်ဖို့ အင်အားမရှိကြပါဘူး။
မဟာ ချင်ရဲ့စစ်သည်တွေဟာ မြို့တော်ထဲကို မြန်မြန်ဆန်ဆန်ပဲ ဝင်ရောက်သွားခဲ့ကြပြီး၊ အခြားမြို့နံရံသုံးခုကို မြို့တော်အတွင်းမှ မတိုက်ခိုက်ခင်မှာ ကိုဘိုးလ်သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနှင့် ကလေးတွေကို အရင်ဆုံး ထိန်းချုပ်လိုက်ခဲ့ကြသည်။
ဒီအချိန်မှာတော့ အနောက်ပိုင်းဒယ်အိုးမြို့တော်ကို ကံကြမ္မာက ရှုံးနိမ့်စေဖို့ ရည်ရွယ်ထားပြီးဖြစ်နေခဲ့ပါပြီ။
ဘုန်း
မန်ရှန်းရဲ့လှံ တိုက်ခိုက်ချက်ကို ထိမှန်သွားပြီးနောက် အနောက်ပိုင်းဒယ်အိုး(ဝပ်စ်ပန်)ရဲ့ ခန္ဓာကိုယ်ဟာ လွင့်ပျံထွက်သွားခဲ့ကာ ခပ်အုအ်အုပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အနောက်ပိုင်းဒယ်အိုး(ဝပ်စ်ပန်) ဘယ်လောက်ပဲရုန်းကန်တိုက်ခိုက်နေပါစေ၊ သူဟာ အခြေခံမြို့တော်တစ်ခုရဲ့ မြို့တော်အရှင်သခင်သာဖြစ်နေခဲ့တာကြောင့် စနစ်အဓိကမြို့တော်တစ်ခုရဲ့ မြို့တော်အရှင်သခင်တစ်ယောက်ကတောင် သူ့ကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။ မြို့တော်အရှင်သခင်ခြောက်ယောက်အတွက် အနည်းငယ် အားစိုက်ထုတ်မှုသာလိုအပ်ခဲ့ပေမယ့် အနောက်ပိုင်းဒယ်အိုး(ဝပ်စ်ပန်) အတွက်တော့ အနိုင်ရဖို့ဆိုတာ မျှော်လင့်ချက်မရှိတော့ပါဘူး။