အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၅၂ ) ရှင်းလင်းဖယ်ရှားခြင်း
Chapter 452သာမာန်ကစားသမားတွေနှင့် အသုံးမကျတဲ့ မြောက်ဘက်ပိုင်းမှ အဖွဲ့အစည်းတွေဟာ ထွက်မပြေးကြဘဲ အစိုးရတပ်တွေ၊ ရှေးမျိုးနွယ်စုတပ်ဖွဲ့တွေ၊ စစ်ပညာကျောင်းတော်ရဲ့တပ်ဖွဲ့တွေနှင့် အတူတိုက်ပွဲဝင်ခဲ့ရင်တော့ သူတို့အနေနဲ့ ဒီလို စိတ်ပျက်စရာကောင်းလောက်အောင် ဆုံးရှုံးမှာ မဟုတ်ပါဘူး။
အနည်းဆုံးတော့ သူတို့တွေအနေနဲ့ အရိုးစုသမုဒ္ဒရာကြီးရဲ့ အနည်းဆုံး ၁၀% ကို ဖျက်ဆီးနိုင်ခဲ့ရင်တော့ အတော်လေး အထောက်အကူ ဖြစ်နိုင်သေးသည်။ သို့သော် ဒေသငါးခုမှ ကစားသမားတွေအားလုံးဟာ ဒီလိုလွယ်လွယ်ကူကူနဲ့ ဖျက်ဆီးခံလိုက်ရတာကြောင့် အနာဂတ်မှာ ဘယ်လိုဆက်တိုက်ခိုက်ရတော့မှာလဲ။
ဒီအချိန်မှာတော့ အရိုးစုသမုဒ္ဒရာကြီးဟာ အဋ္ဌမမြောက်ဒေသကို ဖြတ်သန်းသွားခဲ့ပြီး၊ ဆုံးရှုံးသွားခဲ့တဲ့ အရိုးစုအရေအတွက်ကို အလွယ်တကူ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ ကစားသမား ၁၅ သန်းကတော့ ဘာမှမလုပ်လိုက်ရဘဲ သေဆုံးသွားခဲ့ကြသည်။
ထို့ပြင်ကစားသမား အများအပြားဟာ ကြောက်ရွံ့မှုက လုံးဝအမြစ်စွဲသွားခဲ့တာကြောင့် ကစားသမားတွေ စုဆောင်းခြင်းက နောင်အနာဂတ်မှာ ပိုခက်ခဲလာတော့မှာပါ။
သူတို့တွေအနေနဲ့ ဘာဆက်လုပ်သင့်သလဲ။ ဆုရမ် အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး၊ စိတ်ကို သူတို့တွေရဲ့ နောက်ထပ်ခြေလှမ်းကို စဉ်းစားလိုက်ခဲ့သည်။
ဒီအချိန်မှာတော့ သူတို့ရဲ့ယုံကြည်ချက်အပြည့်အဝရှိနေတဲ့ အစီအစဉ်ဟာ ချေမှုန်းခံလိုက်တာကြောင့် အဖွဲ့အစည်းတွေအားလုံးရဲ့ စိတ်ဓါတ်ဟာ အကြီးအကျယ်ထိခိုက်သွားခဲ့ကြသည်။
မင်းဆက် အမွေခံအသီးသီးရဲ့ အဖွဲ့အစည်းတွေဟာလည်း ဒီကိစ္စကြောင့် အတော်လေး ခါးသီးသွားခဲ့ရသည်။ သူတို့ရဲ့ လူတွေက်ု စေလွှတ်ပြီး၊ ပါဝင်တိုက်ခိုက်တာမျိုး မရှိခဲ့ပေမယ့် သူတို့က ငွေနဲ့ အခြားအရင်းအမြစ်တွေ အများအပြားကို လှူဒါန်းထည့်ဝင်ထားခဲ့ကြသည်။ ဒါကြောင့် သူတို့တွေအနေနဲ့ ရှုံးနိမ့်မှုရဲ့ ရိုက်ခတ်မှုကိုတော့ ခံစားခဲ့ကြရသည်။ တစ်နည်းအားဖြင့် သူတို့တွေဟာ မဟာ ချင်ကို လုံးဝရှုံးနိမ့်သွားခဲ့တာပါ။