အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၈၂ ) ကျောက်ဘီလူးရဲ့နှလုံး
Chapter 482အဲ့ဒီအရာက မီးခိုးရောင်ကျောက် အော့ဖ်စက်လုံးဖြစ်ပြီး၊ ၎င်းသည် ဖရဲသီးအရွယ်လောက်ရှိသည်။ ၎င်းသည် အဝောာ်လေး လုံးဝန်းပြီး၊ ထိကိုင်မိပါက အတော်လေးကြမ်းတမ်းပြီး၊ မာတောင့်တောင့် အရှိန်အဝါ ရှိနေခဲ့သည်။
[ကျောက်ဘီလူးရဲ့နှလုံး]: ကျောက်ဘီလူး၏ အမြုတေဖြစ်သည်။ ၎င်းတွင် ကျောက်စွမ်းအင်အမြောက်အများ ပါ၀င်နေပြီး၊ ကျောက်ဘီလူးရုပ်သေး ငါးကောင်ကို ဆင့်ခေါ်နိုင်သည်။
အချက်အလက်တွေကို ဖတ်ကြည့်ပြီးနောက် ကျောက်ဖူ ကျောက်ဘီလူးရုပ်သေးတွေကို အတော်လေး စိတ်ဝင်စားသွားခဲ့သည်။ သူြ ကျောက်ဘီလူးနှလုံးကို စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီအရာ သူ့လက်ထဲကနေ လေထဲကို လွင့်မျောသွားခဲ့ပြီး၊ ပုံသဏ္ဍာန်မဲ့စွမ်းအင်တွေက ဖြန့်ကျက်လာခဲ့ကာ သူ့ပတ်လည်မှာရှိနေတဲ့ ကျောက်တုံးတွေကို စတင်စုစည်းလာခဲ့သည်။
အဲ့ဒီနောက်မှာတော့ အဲ့ဒီကျောက်တုံးတွေဟာ လူသားပုံစံများအဖြစ် ပုံသဏ္ဍာန်မဲ့စွမ်းအင်တွေရဲ့ ပြောင်းလဲခြင်းကို ခံလိုက်ရပြီး၊ ၁၀ မီတာလောက် အမြင့်ရှိတဲ့ ကျောက်ဘီလူး ရုပ်သေးရုပ်ငါးကောင်ကို ဖွဲ့စည်းလာခဲ့သည်။
ဒီကျောက်ဘီလူး ရုပ်သေးရုပ်တွေဟာ ဆယ်မီတာမြင့်မားကြသည်။ သို့သော် ဒီကျောက်ဘီလူး ရုပ်သေးရုပ်တွေမှာ မည်သည့်အသက်စွမ်းအားမှ မရှိခဲ့ဘဲ ကျောက်ဘီလူးရဲ့နှလုံးသားကို သုံး၍ ဖန်တီးခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် သူတို့တွေ ဖျက်ဆီးခံလိုက်ရပါက အချိန်ခဏအကြာမှာ ပြန်လည်စုစည်းကာ ပြန်လည်ဖွဲ့စည်းလာနိုင်သည်။
ကျောက်ဖူ သူ့အနေန ဒီကျောက်ဘီလူးကို သူ့လက်အောက်ကို မသိမ်းသွင်းနိုင်ခဲ့သည့်အတွက် အတော်လေး စိတ်ပျက်စရာကောင်းတယ်လို့ ခံစားနေခဲ့ရသည်။ တကယ်လို့ သူမှာသာ မီတာ ၁၀၀၀ အမြင့်ရှိတဲ့ ကျောက်ဘီလူးကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့ရင်တော့ မြို့တွေကိုဝိုင်းရံတဲ့အချိန်မှာ အတော်လေး စွမ်းအားကြီးတဲ့ ကိရိယာတစ်ခု ဖြစ်လာမှာသေချာနေခဲ့သည်။ ဒီကျောက်ဘီလူး ရုပ်သေးရုပ်ငါးကောင်က အဲ့ဒီကျောက်ဘီလူးလောကမ စွမ်းအားကြီးမှာ မဟုတ်တာက သေချာနေခဲ့သည်။