အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၆၇ ) အစစ်အမှန် ကပ်ဘေး
Chapter 467ဘုန်းးး
ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ အကန့်အသတ်မဲ့တဲ့ အလင်းရောင်တွေ ထုတ်လွှတ်နေတဲ့ ဗုဒ္ဓရဲ့ပုံရိပ်တော်တစ်ခု လေထဲမှာ ထွက်ပေါ်လာခဲ့ပြီး၊ သနားကြင်နာမှုနှင့် ခံ့ညားတဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့သည်။ ဗုဒ္ဓရဲ့ အလင်းရောင်ဟာ မရေမတွက်နိုင်တဲ့ လူတွေရဲ့ ခန္ဓာကိုယ်တွေအပေါ်ကျရောက်သွားခဲ့ပြီး၊ သူတို့ရဲ့ ဘေးပတ်လည်မှာ ရှိနေတဲ့ မီးခိုးရောင်သေခြင်းတရား အရှိန်အဝါတွေကို ခုခံပေးနေခဲ့သည်။ လူတွေအားလုံးရဲ့ခန္ဓာကိုယ်အနီးတစ်ဝိုက်မှာ နွေးထွေးလာခဲ့ပြီး၊ ချမ်းစိမ့်စိမ့် (အေးစိမ့်စိမ့်)ဖြစ်မှုကို မခံစားရတော့ပါဘူး။
ပြစ်မျိုးမဲ့မထင်လှပတဲ့ အမျိုးသမီးတစ်ယောက်ဟာ အဖြူရောင်ရုံရှည်တွေဝတ်ဆင်ထားတဲ့ အုပ်စုတစ်စုကို လူသမုဒ္ဒရာကြီးရဲ့ အလယ်ဗဟို ခေါ်ဆောင်လာခဲ့သည်။ သူမက လက်ဝါးကပ်တိုင်ပုံစံ အမှတ်အသား/ အမှတ်လက္ခဏာ တစ်ခုကို ပြုလိုက်လိုက်တဲ့အခါမှာတော့ အခြားဗာတီကန်အဖွဲ့ဝင်လည်း ထပ်တူ လိုက်လုပ်ခဲ့ကြသည်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကနေ သန့်ရှင်းသောအဖြူရောင်အလင်းလှိုင်းတွေကို ထွက်ပေါ်လာခဲ့ကြသည်။
ဘုန်း
နောက်ထပ်ပြင်းထန်ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခုထပ်မံ ထွက်ပေါ်လာခဲ့ပြီး၊ တမာန်တော်တစ်ပါးဟာ အဖြူရောင်အလင်းတွေ ထုတ်လွှတ်ပြီး၊ ကောင်းကင်ကနေ တဖြည်းဖြည်းဆင်းသက်လာခဲ့သည်။ အဖြူရောင်အလင်းတွေအောက်မှာတော့ မရေမတွက်နိုင်တဲ့ လူတွေဟာ သူတို့ရဲ့စိတ်နှလုံးတွေထဲကနေ အေးချမ်းမှုကို ခံစားခဲ့ရသည်။ အဲ့ဒီအလင်းရောင်တွေက မသေမျိုးကပ်ဘေးကို ဆိုးရွားစွာပျက်စီးစေနိုင်တဲ့ သန့်ရှင်းသောအလင်းစွမ်းအားကို ထုတ်လွှတ်ပေးနေခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ ကစားသမားတွေဟာ အားသာချက်အမျိုးမျိုးရှိနေတဲ့စွမ်းရည်တွေကို ရရှိနိုင်ဖို့အတွက် အဆောင်အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။