အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၁၄ ) ဘေးအန္တရာယ် ပွဲတော်
Chapter 414ဒီအချိန်က ဆောင်းရာသီဖြစ်တာကြောင့် ကျောက်ဖူ အဲ့ဒီပွဲတော်က ဘယ်လို ပွဲတော်ဖြစ်နိုင်သလဲဆိုတာ တွေးနေခဲ့သည်။ အဲ့ဒီနောက် သူ စနစ်ရဲ့မြို့တော်ကြီးတစ်မြို့ကို သွားလိုက်ပြီး၊ သတင်းအချက်အလက်တွေအတွက် လှည့်ပတ်ကြည့်ရှု လေ့လာခဲ့သည်။
ပွဲလမ်းသဘင်တွေ ရှိတဲ့အခါ စနစ် အဓိကမြို့တော်ကြီးတွေရဲ့ အခြေအနေက ယခင်အချိန်တွေနဲ့ နှိုင်းယှဉ်ပါက အတော်လေး ကွဲပြားတတ်တာကြောင့်ပါ။ အများအားဖြင့် ပွဲလမ်းသဘင်တွေ ရှိတဲ့အချိန်မှာ အဲ့ဒီပွဲတော်နဲ့ သက်ဆိုင်တဲ့ အရာတွေကို ကပ်ထားခြင်း၊ ချိတ်ဆွဲထားခြင်း၊ ပွဲလမ်းသဘင်နဲ့ ပက်သက်တဲ့ ပစ္စည်းတွေကို ရောင်းချတတ်ကြသည်။
ဝိညာဉ်သရဲ ပွဲတော်လို ကြောက်စရာကောင်းတဲ့ ပွဲတော်တစ်ခု အမှန်တကယ် မကျင်းပခင်မှာတောင် စနစ်ရဲ့ မြို့တော်ကြီးမှာ ရှိနေတဲ့ လူတွေ က ပထမဆုံး ကြိုဆိုကျင်းပတတ်ကြသည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အဲ့ဒီလို ကြိုတင် ပြင်ဆင်တဲ့ ပွဲလမ်းတွေမရှိခဲ့ဘဲ သာမာန်လူတစ်ယောက်တောင် စိတ်မလှုပ်ရှားခဲ့ပါဘူး။
လူတိုင်းက မြန်မြန်ဆန်ဆန်နဲ့ ပစ္စည်းမျိုးစုံ ၀ယ်ယူနေခဲ့ကြသည်။
အချို့က အစားအစာတွေ ဝယ်ယူနေကြပြီး၊ အချို့ကတော့ ရေစည်တွေကို ၀ယ်ယူနေခဲ့ကြသည်။ အခြားသူတွေက ထင်းတွေ၊ ထီးတွေနဲ့ လှေတွေလို အရာတွေကိုတောင် ၀ယ်ယူနေခဲ့သည်။
အကယ်၍ ကျောက်ဖူသာ ဒီပွဲတော်ရှိကြောင်းကို မသိခဲ့ရင်တော့ ဘေးအန္တရာယ်အချို့ကျရောက်တော့မှာလို့ သူ ထင်နေမှာပါ။ မြို့ခံနေထိုင်သူတွေအားလုံးဟာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုအတွက် ပြင်ဆင်နေကြပုံရနေခဲ့သည်။ ထို့အပြင် ဒီလိုကိစ္စတွေကြောင့် ပစ္စည်းတွေရဲ့ စျေးနှုန်းတွေက လျင်လျင်မြန်မြန်နဲ့ မြင့်တက်လာခဲ့သည်။
အဲဒီနောက် ကျောက်ဖူ ဒီပွဲတော်ကို ဘေးအန္တရာယ်ပွဲတော်၊ လူအများခေါ်ကြတာက ဒုက္ခရောက်ခြင်းပွဲတော် လို့ခေါ်တာကို သိလိုက်ရသည်။ မိုးခေါင်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်းတွေလို သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လာမှာပါ။ ဒီပွဲတော်ရဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဘယ်သူမှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။