အပိုင်း (၄၂၁)

104 11 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၂၁ ) ဖီးနစ် ဧကရာဇ်
Chapter 421

ကျောက်ဖူ လေထဲမှာ တွဲလွဲ ချိတ်ဆွဲခံထားရတဲ့ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးဆီကို လျှောက်သွားခဲ့ပြီး၊ ရေလွှမ်းမိုးမှုကို ဖြေရှင်းဖို့နဲ့ ကြီးမားတဲ့ ဆုလာဘ်တွေကို လက်ခံရရှိဖို့အတွက် သူမရဲ့ မူလပုံစံကို အတင်းအကြပ် ပြန်ပြောင်းခိုင်းဖို့ ပြင်ဆင်ခဲ့သည်။

ကျောက်ဖူ လျှောက်လာတာကို တွေ့တဲ့အခါမှာတော့ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက အချိန်ခဏတာလောက် ရုန်းကန်ခဲ့လိုက်ပြီး၊ မလွတ်မြောက်နိုင်မှန်း သိရှိသွားပြီးနောက် သူမရဲ့ ရမ္မက်ပြင်းပြတဲ့ ပုံစံကို ပြန်ပြောင်းလဲခဲ့ကာ ပြောလိုက်သည်။

" ပိုင်ရှင်၊ အခုဆို ငါ လိမ္မာပါတော့မယ်။ ကျေးဇူးပြုပြီး၊ ငါ့ကို လွှတ်ပေးပါဦး။ ပိုင်ရှင်ကို ငါ့ပါးစပ်၊ ငါ့ရင်သား၊ ငါ့ခြေထောက်တွေနဲ့ ကောင်းကောင်းပြုစုပါ့မယ်။ မင်း လိုချင်တဲ့ ဘယ်ပုံစံအနေအထားမဆို ငါ ပြင်ထားပေးပါ့မယ်။ "

ကျောက်ဖူ သူမရဲ့စကားတွေကို လျစ်လျူရှုခဲ့လိုက်သည်။ အခုအချိန်မှာတော့ ကျောက်ဖူ နဂါး-ချိပ်ပိတ် ရေတွင်းနဲ့ သံကြိုးတွေရဲ့ စွမ်းအားကို အသုံးပြုပြီး၊ သူမကို ချုပ်နှောင်ခဲ့လိုက်သည်။ ဒီတစ်ကြိမ်မှာ သူ့က သူမကို ပြန်လွှတ်ပေးလိုက်တာနဲ့ သူမသာ လွတ်မြောက်သွားခဲ့ရင်တော့ သူ့အနေနဲ့ သူမကို နောက်တစ်ခါ ပြန်ဖမ်းဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။

အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက အနည်းငယ် ပိုမိုအားစိုက်ရုန်းကန်လိုက်ပေမယ့် လွတ်မြောက်ဖို့ မဖြစ်နိုင်ကြောင်း သိလိုက်ရပြီးနောက်မှာတော့ သက်ပြင်းချလိုက်ပြီး၊ လက်လျှော့သွားခဲ့သည်။

သို့သော် ဒီအချိန်မှာတော့ ကျောက်ဖူ လမ်းလျှောက်လာတာကို ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်ခဲ့သည်။ တောင်ထိပ်တွေမှာ ပိတ်မိနေတဲ့ လူတွေဟာ တန်ဖိုးအချို့ ရှိနေတယ်ဆိုတာကို သူတွေးမိလိုက်တာကြောင့်ပါ။ ရေကြီးတာ ရပ်တန့်သွားခဲ့ရင်တော့ သူတို့တွေအနေနဲ့ အန္တရာယ် မရှိနိုင်တော့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now