အပိုင်း (၄၁၂)

115 11 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၁၂ )    ရှေး‌ေခတ်ကာလ
Chapter   412

ကျောက်ဖူ သူ့စစ်သည်တွေကို မဟာ ချင်သို့ ပြန်ပို့ခဲ့ပြီးနောက် ထာဝရည အဖွဲ့ဝင်တွေကို တိုက်ပွဲမြို့တော်သို့ ခေါ်ဆောင်သွားခဲ့သည်။

တိုက်ပွဲမြို့တော်ရဲ့ အပြောင်းအလဲတွေဟာ ကျောက်ဖူကို အံ့အားသင့်စေခဲ့သည်။ မြို့ရိုးပေါ်မှာရှိနေတဲ့ စစ်သည်တွေကလွဲရင် အခြားနေရာတွေမှာတော့ စစ်သည်အနည်းငယ်လောက်သာ ရှိနေခဲ့ကြသည်။ မြို့တော်ထဲမှာ ကင်းလှည့်နေတဲ့ စစ်သည်တွေ မရှိခဲ့ပါဘူး။ ဆိုင်တွေအားလုံးဟာ ပိတ်ထားခဲ့သည်။ လမ်းတွေမှာတော့ အားလုံးဟာ ဖရိုဖရဲရှုပ်ထွေးနေခဲ့ပြီး၊ အခုအချိန်မှာတော့ လူအုပ်စုအနည်းငယ် တိုက်ခိုက်နေခဲ့ကြတာကြောင့် လမ်းတွေပေါ်မှာတော့ သွေးတွေပျံ့ကျဲနေခဲ့သည်။

တိုက်ပွဲမြို့တော်မှာရှိနေတဲ့ မဟာ ချင်ရဲ့စားသောက်ဆိုင်ကိုလည်း အပြင်ဘက်မှာ ဖရိုဖရဲရှုပ်ထွေးနေခဲ့တာကြောင့် ပိတ်ပစ်ထားခဲ့ရသည်။ လူတွေက တစ်ယောက်ကိုတစ်ယောက် ခွဲခြား တိုက်ခိုက်ခြင်းမပြုကြတာကြောင့် ဆိုင်တွေ မပိတ်ခဲ့ပါက အတော်လေး ဒုက္ခရောက်နိုင်တာကြောင့်ပါ။ တစ်ချိန်တည်းမှာ ဒီလောက်ရှုပ်ထွေးနေတာကြောင့် ဘယ်လိုဖောက်သည်တွေမှ ရောက်လာမှာ မဟုတ်ပါဘူး။

တိုက်ပွဲမြို့တော်ရဲ့အခြေအနေက မယုံနိုင်လောက်အောင် တုန်လှုပ်စရာကောင်းနေခဲ့ပြီး၊ အုပ်ချုပ်မှုအာဏာ ရှိမနေတော့ပါဘူး။ အုပ်စု ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အားလုံးဟာ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေခဲ့ကြသည်။

ဒါပေမယ့် ကျောက်ဖူ သတိထားမိလိုက်တာက ပါဝင်တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေထဲမှ အများစုဟာ ကစားသမားအဖွဲ့အစည်းတွေ ဖြစ်နေခဲ့ကြတာပါ။ အတော်လေး နည်းပါးတဲ့ အရေအတွက်လောက်သာ စနစ်ရဲ့ အုပ်စုအဖွဲ့အစည်းတွေမှ ဖြစ်သည်။ သေဆုံးမှုအများစုဟာ ကစားသမားတွေဘက်မှဖြစ်ပြီး၊ လူသေအလောင်းတွေကို ကောက်ယူဖယ်ရှားဖို့ ဘယ်သူမှ စိတ်မ၀င်စားခဲ့ပါဘူး။ ဒီအချိန်မှာတော့ အဲ့ဒီလမ်းမတွေပေါ်မှာ တစ်ကိုယ်တော်ကစားသမားတွေ ရှိမနေတော့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ