အပိုင်း (၄၄၇)

104 9 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၄၇ )    ထိတ်လန့်ဖွယ်ရာတိုက်ပွဲ
Chapter   447

ကျောက်ဖူ သာမန်လူတွေကို သူ့ကိစ္စတွေထဲကို ဆွဲသွင်းဖို့ စိတ်ကူးမရှိပါဘူး။ သူ့အနေနဲ့ သာမန်လူတစ်ယောက်တွေကို နားလည်ရှိတာကြောင့်ပါ။

မဟာ ချင်အနေနဲ့ မသေမျိုးကပ်ဘေးကို မထိန်းချုပ်နိုင်တာကြောင့် မရေမတွက်နိုင်တဲ့ ကစားသမားတွေ သေဆုံးသွားခဲ့ပြီး၊ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့သွားခဲ့ရသည်။ ဒါပေမယ့် မဟာ ချင်မှာ အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။

ယခင်အချိန်က မြောက်ဘက်ပိုင်းမှအဖွဲ့အစည်းတွေဟာ အတော်လေး ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပြီး၊ လုံးဝ နောက်ပြန်မလှည့်ခဲ့ပါဘူး။(အလျော့မပေးခဲ့)

သူတို့တွေက မဟာ ချင်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ကြီးကြီးမားမား ထိုးနှက်ခဲ့ကြပြီး၊ မဟာ ချင်ရဲ့လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့သည်။ ဒီလိုမာနထောင်လွှားနေတဲ့ ချင် ဆန်ကျင်ရေးမဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်ရတဲ့အခါမှာ‌ မဟာ ချင် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ လက်စားချေခြင်းပဲဖြစ်သည်။

မသေမျိုးကပ်ဘေးက မြောက်ဘက်ပိုင်းအဖွဲ့အစည်းတွေကို ဖျက်ဆီးရုံသာမက မဟာ ချင်ကိုလည်းအကျိုးအမြတ် ကြီးကြီးမားမား ရရှိနိုင်တာကြောင့် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။ လူတွေအားလုံးဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သတ္တဝါတွေပဲဖြစ်သည်။ ဒါကြောင့် မဟာ ချင်လည်း တစ်ကိုယ်ကောင်းဆန်သည်။ ဒီ‌လောကမှာ တစ်ကိုယ်ကောင်းမဆန်တဲ့သူ ဘယ်သူရှိလဲ။

သန်မာအားကောင်းတဲ့သူတွေသာ စကားပြောနေစဉ်မှာ မတ်တပ်ရပ်နိုင်ခွင့်ရှိပြီး၊ အားနည်းသူတွေကတော့ သူတို့ရဲ့အသက်အတွက် ဒူးထောက်အသနားခံရသည်။ ဒီကိစ္စက လောကကြီးရဲ့ တရားဓမ္မတာပါ။

ကျောက်ဖူ ပျော့ညံ့အားနည်းသူတစ်ယောက် မဖြစ်ချင်ပါဘူး။ ထို့အပြင် သူက သာမန်လူတွေကိုလည်း မထိခိုက်စေချင်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)حيث تعيش القصص. اكتشف الآن