အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၅၀၀ ) ဝိညာဉ်သရဲလ
Chapter 500ဒီမြားလှိုင်း ကျရောက်အပြီးမှာတော့ ဗီယက်နမ်တွေက ပြန်လည်တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ မဟာ ချင်ရဲ့ မြားတွေက အတော်လေး ကြောက်မက်ဖွယ်ကောင်းပေမယ့်၊ သူတို့တွေအနေနဲ့ ဒီနေရာမှာသေဖို့ ထိုင်မစောင့်နိုင်တာကြောင့်ပါ။
သို့သော် ဝိညာဉ်သရဲချီတွေချက်ခြင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး၊ ဗီယက်နမ်အများစုကို တခဏအတွင်းမှာပဲ ဖုံးလွှမ်းသွားခဲ့ကာ ရုတ်ခြည်းအေးစက်သွား စေခဲ့သည်။
ဝိညာဉ်သရဲချီတွေ အတွင်းမှာတော့ အတော်လေး မှောင်မှိုင်းနေခဲ့ပြီး၊ ပတ်ဝန်းကျင် လေထု(ဘေးပတ်ဝန်းကျင်)က အလွန်ကြောက်စရာကောင်းနေခဲ့သည်။ အဲ့ဒီဝိညာဉ်သရဲချီတွေ ရှိနေတဲ့နေရာရဲ့ ကောင်းကင်ယံမှာတော့ မီးခိုးရောင် ဝိညာဉ်သရဲလ ရှိနေခဲ့ပြီး၊ သည်းထိတ်ခြောခြားတဲ့ လရောင်တွေကို ပက်ဖြန်းနေခဲ့တာကြောင့် မြင်တွေ့သူတိုင်းဟာ ဆံပင်တွေထောင်ထသွားသလို (ကြက်သီးမွှေးညှင်းထ/ကြက်သီးထ) ခံစားလိုက်ကြရသည်။
"အားးး"
မုန်းတီးခြင်းဝိညာဉ်သရဲတွေက အော်ဟစ်သံတွေနဲ့အတူ ထွက်ပေါ်လာခဲ့ပြီး၊ ဗီယက်နမ်တွေကြားကို ရုတ်တရက်ဆိုသလို ခုန်ဝင်သွားခဲ့သည်။ ဒီဝိညာဉ်သရဲတွေရဲ့ သမုဒ္ဒရာတွေလို တိုက်ခိုက်မှုကို(အဆက်မပြတ်စီးဆင်းတိုက်ခိုက်မှု)နှင့် ရင်ဆိုင်ရတဲ့အခါမှာတော့ ဗီယက်နမ်တွေဟာ ကြောက်အားလန့်အားနဲ့ စတင် ထွက်ပြေးကြတော့သည်။
ဝိညာဉ်သရဲချီတွေ ဖုံးလွှမ်းခြင်း မခံရသေးတဲ့ လူနည်းစုဟာ ဝိညာဉ်သရဲချီတွေအတွင်းမှ အဲ့ဒီအော်ဟစ်သံတွေကို ကြားလိုက်ရပြီးနောက် အဲ့ဒီဝိညာဉ်သရဲချီတွေနားကို မကပ်ရဲတော့ဘဲ နောက်ကို ဆုတ်ခွာသွားခဲ့ကြသည်။
မိနစ်အနည်းငယ်အကြာမှာတော့ အရှေ့ဘက်မြို့ရိုးနံရံတံတိုင်းသည် တိတ်ဆိတ်သွားခဲ့ပြီးဖြစ်တာကြောင့် တွေ့နေရတဲ့ မြင်ကွင်းက ထူးဆန်းပုံရနေခဲ့သည်။
အရှေ့ဘက်မြို့ရိုးနံရံမှ အပြောင်းအလဲတွေကို တွေ့ရှိပြီးနောက် အခြားတရုတ်တွေဟာ အခြားမြို့ရိုးနံရံသုံးခုကို ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ ဒီအခြေအနေက မဟာ ချင် မျှော်လင့်ထားတာထက် မလျော့နည်းခဲ့ပါဘူး။ သူတို့တွေက အရှေ့ဘက်မြို့ရိုးနံရံကို အချိန်ခဏအတွင်းမှာပဲ ထိန်းချုပ်လိုက်နိုင်တာကြောင့် အောင်ပွဲက လက်တစ်ကမ်းကို ရောက်လာခဲ့ပါပြီ။