အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၉၈ ) ကမ္ဘာကြီးကို လွှမ်းမိုးခြယ်လှယ်ခြင်း
Chapter 398ကျန်းပြည်ထောင်ရဲ့ မြို့မှာ ဒေသခံ နေထိုင်သူ ၅၀,၀၀၀ လောက်ရှိပြီး၊ စစ်သည်အင်အားကတော့ ၁၀၀၀၀ လောက်သာ ရှိနေသည်။ အခုအချိန်မှာ သူတို့တွေဟာ လေးဖက်လေးတန်မှ ဖိအားပေး တိုက်ခိုက်နေတာကို ရင်ဆိုင်နေခဲ့ရပါပြီ။ ဆိုလိုတာကတော့ မြို့ရိုးတစ်ခုစီပေါ်မှာ စစ်သည် ၂၀၀၀ ခန့် လောက်သာရှိနေခဲ့တာပါ။
ဒါပေမဲ့ တစ်ဖက်တပ်ဖွဲ့မှာတော့ မြိုးရိုးတစ်ဖက်ဆီကို အနည်းဆုံး စစ်သည် ၂၀၀၀၀ ခန့်နဲ့ တိုက်ခိုက်နေခဲ့တာပါ။ ပထမဆုံး တိုက်ခိုက်မှုမြှားလှိုင်း အပြီးမှာတော့ ကျန်း ပြည်ထောင်ရဲ့ ခုခံကာကွယ်သူစစ်သည် ၂၀% ဟာ သတ်ဖြတ်ခံခဲ့ရသည်။
အဲ့ဒီနောက်မှာတော့ ဝမ်ဂျင်းနဲ့ အခြားစစ်သူကြီးတွေဟာ နောက်ထပ် မြှားလှိုင်းတွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့ကြသည်။ မဟာ ချင်ရဲ့မြှားတွေဟာ ပိုပြီးအားကောင်းသလို အကွာအဝေးနဲ့ တိကျမှုကလည်း မြင့်မားနေတာကြောင့် ခုခံကာကွယ်နေတဲ့ စစ်သည်တွေကို အောင်မြင်စွာဖိနှိပ်ထားနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ ဧရာမ သားရဲကြီးသုံးကောင်ဟာ မြို့ရိုးနံရံတွေပေါ်မှာရှိနေတဲ့ လူတွေကို ဝင်စောင့်တိုက်ခိုက်ခဲ့ကြသည်။
ခုခံကာကွယ်နေတဲ့ စစ်သည်တွေက အဲ့ဒီကြီးမားတဲ့ ဧရာမသားရဲကြီးတွေကို အစွမ်းကုန် ကြိုးစား တိုက်ခိုက်ခဲ့ကြပေမယ့် စစ်သည်တွေဟာ အတော်လေး အားနည်းနေခဲ့တာကြောင့် အဲ့ဒီသားရဲကြီးတွေကို အသေးစား ဒဏ်ရာတွေလောက်သာ ရရှိစေခဲ့သည်။
သိပ်မကြာခင်မှာပဲ ခုခံကာကွယ်နေတဲ့ စစ်သည် ၄၀% နီးပါးဟာ သေဆုံး၊ ဒဏ်ရာရသွားခဲ့ကြပါပြီ။ ဒီသတင်းကို ကြားရတဲ့အခါမှာတော့ ဝမ်ရှောင်းရဲ့မျှော်လင့်ချက်တွေ အားလျော့သွားခဲ့သည်။ ထို့အပြင် သူ့အနေနဲ့ အရှေ့ပိုင်းမြို့ရိုးကနေတောင် မထွက်နိုင်ခဲ့ပါဘူး။
အကြောင်းအရင်းကတော့ အခြားမြို့ရိုးသုံးခုက စစ်သည် ၂၀,၀၀၀ ဆီနဲ့ ရင်ဆိုင်နေရချိန်မှာ သူက မဟာ ချင်ရဲ့ အမွေခံ ဦးဆောင်တဲ့ စစ်သည် ၆၀၀၀၀ နဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။ ဒီနေရာမှာ ရှိနေတဲ့ အန္တရာယ်က အကြီးမားဆုံးဖြစ်နေခဲ့သည်။ ဒါကြောင့် သူ ထွက်ခွာလို့ မရခဲ့တာပါ။ သူ့အနေနဲ့ နေထိုင်သူတွေကိုသွားရောက် အကာအကွယ်ပေးဖို့သာ အမိန့်ပေးနိုင်တော့သည်။