အပိုင်း (၄၉၉)

87 5 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၉၉ )    မြို့တော်အရှင်သခင် ၇ ယောက်
Chapter   499      

"ဟမ်! မင်းတို့အနေနဲ့ ငါတို့ကြားမှာ သဘောထားတွေ ကွဲလွဲအောင် သွေးထိုးဖို့မကြိုးစားတာအကောင်းဆုံးဘဲ၊ မင်းတို့အနေနဲ့ ကိုယ့်ကိစ္စကိုယ်အရင်ဆုံး စဉ်းစားတာ ပိုကောင်းလိမ့်မယ်။ " 

ဘိုင်ယုရှန် အေးစက်စက် ချောင်းဟန့်ကာ ပြောလိုက်တဲ့အခါမှာတော့ ဟိုမင်း အလွန်အံ့အားသင့်သွားခဲ့သည်။

အမှန်တကယ်တော့ ဒီကိစ္စကို ယခင်ကတည်းက ရှောင်းစီက သူ့ကို ပြောထားပြီးသားပါ။ သူ သိရှိသွားတဲ့အခါ အတော်လေးဒေါသထွက်သွားခဲ့ပေမယ့် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အဲ့ဒီဘေးအန္တရာယ် (ကပ်ဘေး) ကြောင့် အဖြူရောင်သစ်ရွက်မြို့တော်မှ လူအများအပြား သေဆုံးသွားခဲ့ရသည်။ ပုံမှန်အခြေအနေမှာ ဆိုရင်တော့ သူ့အနေနဲ့ လက်စားပြန်ချေမှာ သေချာသည်။

သို့သော် ဒီအချိန်မှာတော့ အခြေအနေတွေက ခြားနားသွားခဲ့ပါပြီ။ မဟာ ချင်ဟာ အတော်လေး အင်အားကြီးပြီး၊ မြို့တော်အရှင်သခင် ရှစ်ယောက် ရှိနေခဲ့သည့်အပြင် စစ်သည် ၄၅၀၀၀၀ လည်း ရှိနေခဲ့သည်။ ထို့အပြင် ကစားသမားနှစ်သန်းကလည်း သူတို့အမိန့်ကို နာခံပုံရနေခဲ့သည်။

တကယ်လို့ သူတို့ကသာ ခုခံခဲ့ရင်တော့ သူတို့သေရုံတင်သာမက သူတို့ရဲ့မြို့တော်တွေလည်း သတ်ဖြတ်ခံရနိုင်သည်။ အင်အားကွာဟချက်က ကြီးမားလွန်းတာကြောင့် ဘိုင်ယုရှန် နောက်ကို ခြေတစ်လှမ်း ဆုတ်ပေးထားရသည်။

ဘိုင်ယုရှန်းအနေနဲ့ ဒီလိုစကားမျိုး ပြောလာလိမ့်မယ်လို့ ဟိုမင်း တစ်ခါမှ မတွေးမိခဲ့ပါဘူး။ အဲ့ဒီနောက် သူ့အကြည့်တွေဟာ အေးစက်သွားခဲ့ပြီး၊ ပြောလိုက်သည်။

"မင်းက သေသွားတဲ့သူတွေအတွက် လက်စားမချေချင်ဘူးလား။ တကယ်လို့ အဲ့ဒီလူကိုသတ်ဖို့ မင်းအနေနဲ့ ငါ့ကို အကူအညီပေးရင် ငါ လက်စားချေပေးနိုင်တယ်။ ဒီကိစ္စတွေအားလုံးပြီးသွားရင် မင်းလုပ်ချင်တာလုပ်ဖို့လည်း ငါ ခွင့်ပြုပေးဦးမယ်။ "

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now