အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၉၁ ) ကောင်းကင်ဘုံဆန့်ကျင်တဲ့ နည်းစနစ်
Chapter 391မန်ရှန် ထိုးဖောက်ခြင်းမြွေလှံကို ကိုင်ထားခဲ့ပြီး၊ နတ်ဘုရားစစ်သည်တော် ဝိညာဉ် ၁၀ ခုကို လေထဲပစ်လွှတ်လိုက်တဲ့အခါမှာတော့ အဲ့ဒီအရာတွေက မန်ရှန်ကို အလယ်ဗဟိုပြုပြီး၊ စက်ဝိုင်းပုံ ဖွဲ့စည်းသွားခဲ့သည်။
နတ်ဘုရားစစ်သည်တော် ဝိညာဉ်တွေက လေထဲမှာ မျောလွင့်နေခဲ့ပြီး၊ အဖြူရောင်အလင်းတွေ ဖြာထွက်လာခဲ့ကာ ပိုကြီးမားသထက် ကြီးမားလာခဲ့သည်။ အဲ့ဒီနောက် သူတို့တွေရဲ့ အရှိန်အဝါတွေက အားကောင်းသထက် ကောင်းလာခဲ့ပြီး၊ ပတ်ဝန်းကျင် ၁၀ ကီလိုမီတာ ပတ်လည်လောက်ကို ဖိနှိပ်ထားခဲ့သည်။
နောက်ဆုံးမှာတော့ နတ်ဘုရားစစ်သည်တော် ဝိညာဉ် ၁၀ ခုဟာ ဧရာမအလင်းတန်းကြီး ၁၀ ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဲ့ဒီအလင်းတန်းတွေထဲမှာတော့ စစ်သည်တော် ၁၀ ယောက်ရဲ့ပုံရိပ်တွေဟာ ဆီးနှင်းတွေလို အရည်ပျော်သွားခဲ့ပြီး၊ ခရမ်းရောင်အခိုးအငွေ့တွေအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဘုန်း းး
ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် ကောင်းကင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ကြီးမားတဲ့ ဧရာမ အလင်းလုံးကြီး ဆယ်လုံးက တစ်ခုနဲ့တစ်ခု ဆွဲငင်နေကြတာကြောင့် အလင်းလုံးတွေထဲမှာရှိနေတဲ့ ခရမ်းရောင် အငွေ့အသက်အရှိန်အဝါတွေဟာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာခဲ့တာကြောင့် ဒီလိုအသံကျယ်ကြီး ထွက်ပေါ်လာခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ပုံသဏ္ဍာန်မဲ့စွမ်းအင်တွေဟာ ပြန့်နှံ့ထွက်ပေါ်လာခဲ့ပါပြီ။
ချက်ခြင်းဆိုသလို တိမ်တိုက်မည်းတွေ စုစည်းလာခဲ့တာကြောင့် ကောင်းကင်နဲ့ မြေပြင်တောင် မှေးမှိန် (မည်းမှောင်)သွားခဲ့သည်။ လေပြင်းရိုင်းတစ်ခု စတင်တိုက်ခတ်လာခဲ့တာကြောင့် သစ်ပင်တွေဟာ ယိမ်းနွဲ့နေခဲ့ပြီး၊ သဲတွေနဲ့ ကျောက်တုံးတွေဟာ လေနဲ့အတူ လွင့်ပါသွားခဲ့သည်။ ကပ်ဘေးက ရုတ်တရက်ဆိုသလို ကျရောက်လာခဲ့ပါပြီ။