အပိုင်း (၄၂၃)

107 11 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၂၃ )  အဆင့် (၆) ဘေးဆိုးသတ္တဝါ 
Chapter   423

ဆုရမ် အဲ့ဒီသတင်းအချက်အလက်တွေကို အဖွဲ့အစည်းတွေကို ပြောပြလိုက်ပြီးနောက်မှာတော့  ဧရာမကျောက်တုံးကြီးတစ်တုံးကို ရေကန်ထဲပစ်ချလိုက်သလို ကြီးမားတဲ့ လှိုင်းလုံးတွေနဲ့ ဝဲဂယက်တွေ‌ ဖြစ်ပေါ်သွားခဲ့သည်။ အင်အားကြီးမားတဲ့ အဖွဲ့အစည်းအချို့တောင် အဲ့ဒီကိစ္စကို အလေးအနက်ထားလာခဲ့ပါပြီ။

မဟာ ချင်ဟာ ကံကြမ္မာပမာဏ အမြောက်အများကို ရရှိထားရုံသာမက သူတို့တွေကို ခြိမ်းခြောက်ဖို့အတွက် လုံလောက်တဲ့ အင်အားတောင့်တင်တဲ့ စစ်တပ်လည်း ရှိနေခဲ့တာကြောင့်ပါ။ သူတို့တွေက အခုအချိန်မှာ ဘာမှမလုပ်ခဲ့ဘူးဆိုရင်တော့ မဟာ ချင် ပိုအားကောင်းလာတဲ့အခါ သူတို့တွေဖျက်ဆီးခံရတာကို ထိုင်စောင့်နေရုံပဲ တတ်နိုင်တော့မှာပါ။

မရေမတွက်နိုင်တဲ့ အဖွဲ့အစည်းတွေက ဒီကိစ္စကို စတင်ဆွေးနွေးလာခဲ့ကြပါပြီ။ ဒီအချိန်မှာ မဟာ ချင်ဟာ သူတို့ထက် အဆပေါင်းများစွာ ပိုမြန်ဆန်နေခဲ့ကာ အင်အားကြီးမားလာခဲ့ပြီဖြစ်တာကြောင့် မဟာ ချင်ကို အရှိန်လျော့ချနိုင်ဖို့အတွက် သူတို့တွေအနေနဲ့ တစ်စုံတစ်ခု လုပ်ဖို့လိုအပ်နေခဲ့ပါပြီ။

အခြားမင်းဆက် အတွေခံတွေကလည်း သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို ဂရုမစိုက်တော့ဘဲ သူတို့နဲ့ ပူးပေါင်းခဲ့သည်။ ဒီအချိန်မှာတော့ မဟာ ချင်ဟာ တရုတ်ပြည်တစ်ခုလုံးရဲ့ခွဲခြားဆက်ဆံမှုကိုခံခဲ့ရပြီး၊ လူတိုင်းနီးပါးရဲ့ဘုံရန်သူအဖြစ် ရှုမြင်ခံနေခဲ့ရသည်။

ကျောက်ဖူ အဲ့ဒီအကြောင်းတွေကို လုံးဝမသိခဲ့ပါဘူး။ သူက အခြားဒေသတစ်ခုကို ရောက်နေတာပါ။ ဒီအချိန်က တတိယမြောက်နေ့ရဲ့ ညဖက်ဖြစ်ပြီး၊ ဒီဒေသမှာတော့ ညအချိန်ရောက်နေပြီဖြစ်ပေမယ့် နေ့ခင်းဖက် အချိန်တွေလို လင်းကျင်းနေဆဲပါ။ ဒီဒေသရဲ့ ကောင်းကင်မှာတော့ မရေမတွက်နိုင်တဲ့ နေလုံးတွေ ရှိနေခဲ့ပြီး၊ တောက်ပတဲ့ အလင်းရောင်က လူတွေရဲ့အရေပြားကို လောင်ကျွမ်းသလို ခံစား‌စေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Nơi câu chuyện tồn tại. Hãy khám phá bây giờ