အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၆၉ ) ***လမ်းကြောင်း (၆) ခု နတ်ဆိုး
Chapter 469အဋ္ဌမဒေသမှာတော့ မရေမတွက်နိုင်တဲ့ လူတွေဟာ ကြောက်လန့်တကြားနဲ့ ကြည့်နေခဲ့ကြသည်။ ဧရာမသွေးနီရောင်ကြယ်ကြီးရဲ့အောက်မှာ ကျောက်ဖူ လေထဲမှာ ရပ်နေခဲ့ပြီး၊ သူ့ရဲ့လက်ထဲမှာ သံကြိုး ၆ ခုကို* ကိုင်ဆောင်ထားခဲ့သည်။ ဒီသံကြိုးတွေက ကမ္ဘာကြီးတစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေနိုင်တဲ့ အရှိန်အဝါတွေ ရှိနေတဲ့ နတ်ဆိုး ၆ ယောက်နဲ့ သူ့ကို ချိတ်ဆက်ထားခဲ့သည်။
လူတိုင်းက ကြောက်ရွံ့မှုနွံ့ထဲနှစ်မြုပ်သွားခဲ့ပြီး၊ လွတ်မြောက်ဖို့က မဖြစ်နိုင်တော့ပါဘူး။ သတ္တိနည်းတဲ့လူအချို့ဟာ မြေပြင်ပေါ်လဲကျသွားခဲ့ကာ အကျောလိုက်/ အကျောဆွဲနေသလိုဖြစ်နေခဲ့ကြပြီး၊ သူတို့ရဲ့ဘောင်းဘီတွေဟာ စိုစွတ်သွားခဲ့ကြသည်။
အရိုးစုသမုဒ္ဒရာကြီးဟာ အကြမ်းဖျင်းအားဖြင့် ကစားသမား သန်း ၇၀ လောက်ကို သတ်ဖြတ်ခဲ့ကြပြီး၊ မြေပြင်တစ်ခုလုံးမှာ လူသေတွေ၊ အရိုးတွေဖြင့် ပြည့်နှက်နေခဲ့သည်။ ကစားသမား သန်း ၁၀၀,၀၀၀ နီးပါးလောက်ရှိနေသေးတာကြောင့် လူသမုဒ္ဒရာကြီးဟာ အမှောင်ထုကြီးတစ်ခုအဖြစ် ကျန်ရှိနေသေးသည်။
ဆုရမ် အော်ဟစ် ကြွေးကြော်လိုက်သည်။
"ငါတို့မှာ လူတွေအများကြီးရှိသေးတယ်၊ အားသားနိုင်တဲ့စွမ်းရည်တွေလည်း အများကြီးရှိသေးတယ်။ သူတို့က ခြောက်ယောက်ပဲရှိတယ်။ ဒါကြောင့် ကြောက်စရာမလိုဘူး။ တိုက်ခိုက်ကြ။ မဟာ ချင်ရဲ့အမွေခံကို သတ်နိုင်တဲ့ လူတိုင်း ဆုလာဘ် ကြီးကြီးမားမား ရမယ်။"
ခေါင်းဆောင်တွေအားလုံးလည်း ထပ်တူ ကြွေးကြော်လိုက်ကြသည်။ အခုအချိန်မှာ ကစားသမားတွေကို သိမ်းသွင်းနိုင်ဖို့အတွက် သူတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုကတော့ မဟာ ချင်ရဲ့အမွေခံကို သတ်ဖြတ်ဖို့ပဲဖြစ်သည်။
ဒီလိုကြွေးကြော်လိုက်ကြတာကို ကြားတဲ့အခါမှာတော့ မရေမတွက်နိုင်တဲ့ ကစားသမားတွေဟာ သူတို့တွေပြောတာ မှန်တယ်လို့ ခံစားလိုက်ကြရသည်။ သူတို့ဖက်မှာ ကစားသမားသန်း ၁၀၀ ရှိနေခဲ့ပြီး၊ အခြားတစ်ဖက်မှာတော့ မဟာ ချင်ရဲ့အမွေခံ အပါအဝင် ခုနစ်ယောက်သာ ရှိနေခဲ့သည်။ ဒီလောက်များပြားတဲ့ လူအုပ်စုကြီးနဲ့ဆို သူတို့အနေနဲ့ မဟာ ချင်ကို ဖိသတ်လို့ရနိုင်သည်။