အပိုင်း (၄၇၃)

110 8 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၇၃ )    ကောင်းကင်ဖျက်စီးအသူရာနဂါး
Chapter   473

အက်စ်နီဟာ လူတိုင်းနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေခဲ့တာကြောင့် သူမဟာ လူတွေကြားမှာ ရေပန်းစားနေခဲ့သည်။

ကျောက်ဖူ ရိုဆာရို့စ် ပေးလာတဲ့ အသီးကို စားကြည့်လိုက်သည်။ အဲ့ဒီအသီးက အတော်လေးချိုပြီး၊ အရသာရှိနေခဲ့သည်။ ဘာကြောင့် ဒီလိုအရသာရှိနေတာလဲဆိုတာကိုတော့ သူ စဉ်းစားမရခဲ့ပါဘူး။

သူမပေးလိုက်တဲ့အသီးကို ကျောက်ဖူစားလိုက်တာကိုကြည့်ပြီးတဲ့နောက်မှာတော့ သူမဟာ ကျောက်ဖူရဲ့ပခုံးပေါ်မှာ ပြန်ထိုင်လိုက်ပြီး၊ အခြားပုံပြင်ပန်းနတ်သမီးနှစ်ယောက်နှင့် ပြန်ကစားနေခဲ့သည်။

ဒီနတ်သမီးတွေမှာ အပင်ကြီးထွားမှုအတွက် လိုအပ်တဲ့ကြာချိန်ကို လျှော့ချနိုင်စွမ်းရှိတာကြောင့်သူမတို့ဟာ ဆေးဥယျာဉ်တစ်ခုမှာ ပုံမှန်နေထိုင်ကြလေ့ရှိသည်။ သူတို့ရဲ့အကျိုးသက်ရောက်မှုက ဒီဆေးဥယျာဉ်အတွက် အလွန်ကြီးကျယ်အကျိုးရှိနေခဲ့သည်။ မဟာ ချင်ရဲ့ ကူညီမှုဖြင့် ဒီနတ်သမီးတွေရဲ့ စွမ်းအားတွေဟာ အဆင့် ၂ ရောက်ရှိလာခဲ့တာကြောင့် သူတို့ရဲ့ စွမ်းရည်တွေဟာ ပိုအားကောင်းလာခဲ့ကြသည်။  ဒီအချိန်မှာ သူတို့လုပ်နေတာတွေကတော့ စိတ်ဝိညာဉ်ဆေးဝါးတွေရဲ့ ကြီးထွားမှုကို အရှိန်မြှင့်ဖို့ပဲဖြစ်သည်။

ကျောက်ဖူ အတော်လေးအလုပ်များတာကြောင့် အများအားဖြင့် သူတို့တွေနဲ့ သိပ်မတွေ့ရပါဘူး။ ဒီအချိန်ဟာ ဆောင်းရာသီဖြစ်တာကြောင့် အပင်အများစုဟာ မပေါက်တော့တာကြောင့် ပုံပြင်ပန်းနတ်သမီးသုံးယောက်က သူ့ကို တွေ့ဖို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ဒီရာသီကြောင့် စိတ်ဝိညာဉ်ဆေးပင်တွေဟာ သူတို့တွေ အနားမှာရှိနေခဲ့ရင်တောင် သိပ်မရှင်သန်နိုင်ကြတာကြောင့်ပါ။

ဆောင်းရာသီဖြစ်တာကြောင့် ပန်းတွေလည်း ပွင့်မနေတော့ပါဘူး။ ဒါကြောင့် မဟာ ချင်မှာလည်း ပန်းတွေမပွင့်တော့သလို နေရာအနှံ့မှာလည်း ပန်းရနံ့တွေ မရှိတော့ပါဘူး။ ဒါကြောင့် ပုံပြင်ပန်းနတ်သမီး သုံးယောက်က ဒီကိစ္စကို အဖြေရှာဖို့ ကျောက်ဖူဆီ ရောက်လာခဲ့ကြတာပါ။ တကယ်လို့ ကျောက်ဖူသာ အဖြေရှာတွေ့ပြီး၊ မဟာ ချင်မှာ ပန်းတွေ ပြန်ပွင့်လာရင်တော့ သူတို့က မဟာ ချင်ကို ပိုနှစ်သက်သွားတော့မှာပဲ ဖြစ်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now