အပိုင်း (၄၁၈)

123 12 0
                                        

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၁၈ )    အဆင့် (၁၀) သဘာဝ ဘေးအန္တရယ်
Chapter   418

အဲ့ဒီဒသမှာ ဘေးအန္တရာယ်ပွဲတော်ကို အကျိုးသက်ရောက်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ အရာတစ်ခုရှိနေတာကြောင့် ဖြစ်နိုင်သည်။

ဒီရေလွှမ်းမိုးမှု/ရေကြီးမှုက အတော်လေး အားကောင်းခဲ့ပြီး၊ အဲ့ဒီဒေသတစ်ခုလုံးကိုပါ ရေလွှမ်းမိုးစေခဲ့ရုံသာမက အနီးပတ်ဝန်းကျင်ဒေသအချို့ကိုလည်း ရေလွှမ်းမိုး/ရေကြီးစေခဲ့သည်။ ဒီအခြေအနေက အမြင့်ဆုံး ဘေးအန္တရာယ်အဆင့်ဖြစ်သည့် အဆင့် ၁၀ သဘာဝဘေးအန္တရာယ် ဖြစ်ဖို့များနေခဲ့ပါပြီ။

ကျောက်ဖူ အဲ့ဒီဒေသကို အတော်လေးစိတ်ဝင်စားနေခဲ့သည်။ သူသာ အဲ့ဒီကပ်ဘေးကို ဖြေရှင်းနိုင်ခဲ့ရင်တော့ ရရှိလာမယ့် အကျိုးအမြတ်က ကြီးမားနိုင်တာကြောင့်ပါ။   ထို့ကြောင့် သူသည် ဂူဘိုင်လင်းအား အဲ့ဒီဒေသရဲ့ သတင်းအချက်အလက်တွေကို စုစည်းယူဆောင်ခဲ့ဖို့ အမိန့်ပေးခဲ့လိုက်သည်။ အဲ့ဒီနောက် သူ့ သတင်းအချက်အလက်တွေကို ဖတ်ရှုကြည့်ခဲ့ပြီး၊ ကျောက်ဖူ ဒီကိစ္စကို အတော်လေး အလေးအနက် ဖြစ်သွားခဲ့သည်။ အဲဒီဒေသမှာနဂါး-ချိတ်ပိတ် ရေတွင်း ရှိနေခဲ့သည်။

အဲ့ဒီရေတွင်းက ရေလွှမ်းမိုးမှုနဲ့ သက်ဆိုင်မှုရှိနေတာ သေချာသလောက်ပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ အဲ့ဒီကိစ္စက ကြီးမားတဲ့ မှားယွင်းမှုကြီး ဖြစ်သွားမှာပါ။ အဲ့ဒီဒေသမှာရှိတဲ့ မြို့‌ေတာ် အရှင်သခင်တွေက အဲ့ဒီနေရာကို သွားကြည့်ရှုခဲ့ကြပြီး၊ လွန်ခဲ့တဲ့အချိန်တွေတုန်းကလည်း ကျောက်ဖူ အဲ့ဒီနေရာမှာ ငါးဖမ်းခဲ့ဖူးသည်။ သို့သော်လည်း အဲ့ဒီအချိန်တွေတုန်းက အရာအားလုံးက ပုံမှန်ပါ။ *သဘာဝဘေးအန္တရာယ်ပွဲတော်က အပြောင်းအလဲတစ်မျိုးမျိုးကို ဖြစ်စေခဲ့တာလား။*

ဒီကိစ္စကိုတွေးမိတဲ့အခါမှာတော့ ကျောက်ဖူ ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။

အဲ့ဒီဒေသဟာ လုံးဝရေလွှမ်းခံနေရတာကြောင့် အဲ့ဒီနေရာကို သူ့အနေနဲ့ တိုက်ရိုက်တယ်လီပို့ အသုံးမပြုနိုင်ခဲ့ပါဘူး။ ထို့ကြောင့် သူသည်ရေလွှမ်းမိုးခြင်းမခံရသေးတဲ့ အဲ့ဒီဒေသအနီးက  ဒေသတစ်ခုကို တယ်လီပို့သုံးကာ သွားခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Onde histórias criam vida. Descubra agora