အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၁၇ ) လေဘေးဆိုး သလင်းကျောက်
Chapter 417ကောင်းကင်နတ်ဆိုးဓါးကနေ နတ်ဆိုးချီအငွေ့အသက်တွေဟာ ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်ပျံ့လွင့်လာခဲ့ပြီး၊ ၇ မီတာလောက် ရှည်လျားတဲ့ ဓားပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒီအချိန်မှာတော့ အလွန်ကြီးမားတဲ့ ဧရာမလေဘေးဆိုးသတ္တဝါကြီးဟာ ကျောက်ဖူဆီကို ရောက်ရှိလာခဲ့ပြီး၊ အဲ့ဒီသတ္တဝါကြီးဟာ အတော်လေး စွမ်းအားကောင်းနေခဲ့တာကြောင့် လေထုဟာ ဖိနှိပ်ခံလိုက်ရကာ သူ့ရဲ့စူးရှထက်မြက်တဲ့ နှုတ်သီးနဲ့ ကျောက်ဆီကို ထိုးသုတ်လိုက်ခဲ့သည်။
ကျောက်ဖူ ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ပါဘူး။ လေဘေးဆိုးသတ္တဝါကြီး ရောက်လာတာနဲ့တပြိုင်နက် သူက ကောင်းကင်နတ်ဆိုးဓါးနဲ့ ခုတ်ချလိုက်သည်။ ဒီအခြေအနေကြောင့် ကြီးမားတဲ့ ဓါးပုံရိပ်ကြီးကလည်း ခုတ်ပိုင်းလိုက်တာကြောင့် သူ့ခန္ဓာကိုယ်ထဲကနေ ကျောက်တုံးတွေတောင် ကွဲအက်သွားလောက်နိုင်တဲ့ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ခဲ့သည်။
ရွှီးး
ဓားပုံရိပ်ကြီးက လေထဲမှာ လေထုကို ဖြတ်သန်းသွားခဲ့ပြီး၊ လေဘေးဆိုးသတ္တဝါရဲ့ ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။
ချက်ချင်းဆိုသလို လေဘေးဆိုးသတ္တဝါရဲ့ရုပ်ခန္ဓာဟာ လေပြင်းရိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ပေါက်ကွဲသွားခဲ့ပြီး၊ လေထဲမှာ အပြာရင့်ရောင် သလင်းကျောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျောက်ဖူ သူ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ထားခဲ့ပြီး၊ အဲ့ဒီလေပြင်းရိုင်းကို ခုခံလိုက်ခဲ့သည်။ နောက်ဆုံးမှာ လေပြင်းဟာ ပျောက်ကွယ်သွားပါပြီ။ အဲ့ဒီနောက်မှာတော့ ကျောက်ဖူ အပြာရင့်ရောင် သလင်းကျောက်ကို ယူကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပဲ ကျောက်ဖူ စနစ်ရဲ့ ကြေညာချက်ကို လက်ခံရရှိခဲ့သည်။ အဲ့ဒီကြေညာချက်တွင် သူသည် အဆင့် ၂ လေဘေးဆိုးသတ္တဝါကို သတ်ဖြတ်ခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်းတစ်ခုကို ရပ်တန့်စေခဲ့တာကြောင့် သီလရမှတ် ၄၀၀၀ ကို ရရှိခဲ့သည်လို့ ပါရှိနေခဲ့သည်။