အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၈၂ ) အမွေခံအတု
Chapter 382“ မင်းကို ရင်းဝူလို့ခေါ်တယ် မဟုတ်လား။ မဟာ ချင်ရဲ့အမွေခံမှာ မင်းလို အမွေခံအတုမျိုး မလိုအပ်ဘူး၊ ဒါကြောင့် မင်း ရင်း ဆိုတဲ့နာမည်ကိုဖယ်ထုတ်ပြီး၊ အခု ထွက်သွားနိုင်ပြီ။ ”
ကျောက်ဖူရဲ့ ဒုတိယအမိန့်ကို ကြားလိုက်ရတဲ့အခါ လူတိုင်းက ပို အံ့အားသင့်သွားခဲ့ကြသည်။ ရင်း မိသားစုရဲ့ နံပါတ်တစ်ဆက်ခံသူသာမက အမွေခံအတုတောင် ချမ်းသာမပေးခဲ့တာကြောင့်ပါ။
ရင်းဝူ မဟုတ်ဘူး လီဝူ သူ့ဒေါသတွေနဲ့ မကျေနပ်မှုတွေကို ရင်ထဲမှာမြိုသိပ်လိုက်ရသည်။ သူ ဒီ ခံစားခဲ့လိုက်ရတဲ့ အရှက်ကွဲမှုတွေကိုသူ့စိတ်ထဲမှာ မှတ်သားထားလိုက်ပြီး၊ ကျောက်ဖူကို အပိုင်းအစ တစ်သောင်းလောက် အစိတ်စိတ်အမွှာမွှာ လုပ်ပြစ်ချင်သွားခဲ့သည်။ အဲ့ဒီနောက် သူ့စိတ်ထဲမှာပဲ ပြောလိုက်သည်။
*မင်းက မဟာ ချင် အမွေခံရဲ့ခွေးတစ်ကောင်ပဲ။ မင်းက ဘယ်ေလာက်များ အဆင့်မြင့်မားပြီး၊ ကြီးကျယ်ေနရတာလဲ။ *
သူက အတော်လေး မုန်းတီနေခဲ့ပေမယ့်၊ သူ့ရဲ့ မကျေနပ်မှုတွေကိုတော့ ချမပြရဲခဲ့ပါဘူး။ ဘာကြောင့်လဲဆိုဝောာ့ သူ့ကို သတ်ဖို့အတွက် ကျောက်ဖူအနေနဲ့ စာကားတစ်ခွန်းသာ လိုတယ်ဆိုတာ နားလည်ထားတာကြောင့်ပါ။
ဒါကြောင့် သူ ဆွဲထုတ်ခံရမှာကို စောင့်မနေတော့ဘဲ သူကိုယ်တိုင်ပဲ ထွက်ခွာသွားခဲ့သည်။ သူ့အနေနဲ့ အတော်လေး အရှက်ရသွားခဲ့တာကြောင့် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကျောက်ဖူကို ပိုမုန်းတီးလာခဲ့သည်။
လီဝူရဲ့ အခြေအနေကို ကြည့်လိုက်ပြီး၊ ကျောက်ဖူ သူ့ရဲ့ မုန်းတီးမှုကို ခံစားသိရှိနိုင်ခဲ့သည်။ အဲ့ဒီနောက် သူ အစောင့်တစ်ယောက်ကို ချက်ချင်းခေါ်လိုက်ပြီး၊ ရင်း မိသားစုနေအိမ်ဝင်းအပြင်ရောက်တာနဲ့ လီဝူကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့လိုက်သည်။
အဲ့ဒီအစောင့်က အမိန့်နာခံလိုက်ပြီး၊ နောက်ထပ်အစောင့်အနည်းငယ်ကိုခေါ်သွားခဲ့ကာ လီဝူနောက်ကို လိုက်သွားခဲ့သည်။
![](https://img.wattpad.com/cover/299897504-288-k396452.jpg)