အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၄၆ ) စစ်ကြေညာခြင်း
Chapter 446ပတ်၀န်းကျင်ဒေသလေးခုမှ ကစားသမားတွေဟာ ထိပ်တန်းအဖွဲ့အစည်းတွေနှင့် ပူးပေါင်းခဲ့ကြပြီး၊ မသေမျိုးကပ်ဘေး ကျရောက်လာတော့မည့် ဒေသမှာ စုရုံးနေခဲ့ကြသည်။
ဒီအခြေအနေက ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးမှာ ကစားသမားအမြောက်အများအနေနှင့် ဒေသတစ်ခုမှအခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်နေခဲ့သည်။ ဒီအချိန်မှာတော့ ဒေသတစ်ခုထဲမှာ ကစားသမား ၁၅ သန်း ရောက်ရှိနေခဲ့ပြီး၊ ဒီကိစ္စက ယခင်ကတစ်ခါမှ မမြင်ဖူးတဲ့အရာ ဖြစ်နေခဲ့သည်။
မရေမတွက်နိုင်တဲ့ အုပ်စုအဖွဲ့အစည်းတွေအပေါ် အာရုံစိုက်မှုသည် တရုတ်မှသာမက ကမ္ဘာတစ်ဝှမ်းလုံးကတောင် စောင့်ကြည့်ခဲ့ကြသည်။
ဒီလိုတိုက်ပွဲမျိုးက အတော်လေးရှားပါးလွန်းတာကြောင့် သမိုင်းမှာ သေချာ မှတ်တမ်းဝင်မှာပါ။ ဒီလောက်များပြားလှတဲ့ အဖွဲ့အစည်းတွေနဲ့ လူတွေရှိနေတာတောင် မသေမျိုးကပ်ဘေးကို ဖျက်ဆီးနိုင်ဖို့ အပြည့်အဝ ယုံကြည်မှုမရှိခဲ့ပါဘူး။
မသေမျိုးကပ်ဘေးက ဘယ်လောက်တောင် ကြီးမားနေပြီလဲဆိုတာကို သူတို့တွေ မသိကြပါဘူး။ ဒါပေမဲ့ ယေထဘူယျကျကျဆိုရင်တော့ လူတစ်ယောက်ဟာ အကြမ်းဖျင်းအားဖြင့် အရိုးစုလေးကောင်လောက်ကို ကိုင်တွယ်နိုင်တာကြောင့် ဒီလူ ၁၅ သန်းက အရိုးစုသန်း ၆၀ ကို ဖယ်ရှားနိုင်ကြမှာပါ။ သူတို့တွေအနေနဲ့ မသေမျိုးကပ်ဘေးကို မရပ်တန့်နိုင်ခဲ့ရင်တောင် အရိုးစုတွေရဲ့ အင်အားကိုတော့ အများကြီး လျှော့ချနိုင်ပါလိမ့်မယ်။
အဲဒီ့နောက်မှာတော့ အရိုးစုတွေက သိပ်အများကြီး ကျန်တော့မှာ မဟုတ်ပါဘူး။ သူတို့တွေအနေနဲ့ နောက်ထပ် ကစားသမားတပ်ဖွဲ့တွေကို ထပ်မံစုစည်းနိုင်ခဲ့ရင်တော့ ဒီမသေမျိုးကပ်ဘေးကို ဖျက်ဆီးပစ်နိုင်လောက်မှာပါ။
ဒီကစားသမား ၁၅ သန်းလုံး သေသွားခဲ့ရင်တောင် သူတို့ရဲ့အလောင်းတွေဟာ မသေမျိုးကပ်ဘေးရဲ့ အရေအတွက်ကို ထပ်မံပေါင်းထည့်တာမျိုး မလုပ်နိုင်တဲ့အတွက် သူတို့ရဲ့ရည်မှန်းချက်က အောင်မြင်နိုင်မှာပါ။ နောက်ဆုံးမှာတော့ မြောက်ဘက်ပိုင်း အဖွဲ့အစည်းတွေက အောင်ပွဲကို ဆက်လက်ရယူနိုင်တော့မှာပါ။