အပိုင်း (၄၃၁)

115 10 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၃၁ )    ပြည်တွင်းစစ်
Chapter   431

ဒီအချိန်မှာတော့ စစ်သည်တစ်ယောက်သည် ခန်းမတစ်ခုထဲသို့ လမ်းလျှောက်ဝင်ရောက်လာခဲ့ပြီး၊ ဒူးတစ်ဖက်ထောက်ကာ သတင်းပို့ခဲ့လိုက်သည်။

“ ဘုရင်မင်းမြတ်၊ ဆုရမ်လို့ခေါ်တဲ့ လူတစ်ယောက်ဆီက သတင်းစကားတစ်ခု ရှိနေပါတယ်။ သူ ပြောတာကတော့ မဟာ ချင်သာ ဒေသတစ်ခုအတွင်းမှာသာ နေပြီး၊ အခြား ဒေသတွေနဲ့ အဖွဲ့အစည်းတွေကိုတိုက်ခိုက်တာမျိုး၊ နယ်ပယ် မချဲ့ထွင်တာမျိုးမလုပ်ရင် သူ့အနေနဲ့ မဟာ ချင်ကို ချမ်းသာပေးပြီး၊ တိုက်ခိုက်နေတာတွေ ရပ်ပေးမယ် ပြောပါတယ်။" 

"ဟားဟားဟား ... "

ဒီစကားကိုကြားတဲ့အခါမှာတော့ ကျောက်ဖူရဲ့ဒေါသဟာ အကန့်အသတ်သို့မြင့်တက်သွားခဲ့ပြီး/ အထွတ်အထိပ်ရောက်သွားခဲ့ပြီး၊ သူက အေးစက်စက် ရယ်မောခဲ့လိုက်သည်။

ခန်းမအတွင်းမှာရှိနေတဲ့ လေထုဟာ မယုံကြည်နိုင်လောက်အောင် အေးစက်လာခဲ့ပြီး၊ ခေါင်းဆောင်တွေအားလုံးဟာ ခေါင်းတွေကိုသာ ငုံ့ထားခဲ့ကြကာ လှုပ်တောင်မလှုပ်ရဲကြတော့ပါ။ သူတို့အားလုံးက ကျောက်ဖူရဲ့ဒေါသနှင့် အဲ့ဒီရယ်သံတွေအတွင်းမှာ သတ်ဖြတ်လိုတဲ့စိတ်ဆန္ဒတွေ ပါဝင်နေတယ်ဆိုတာကို သူတို့အားလုံး ခံစားနိုင်ခဲ့ကြသည်။

"မင်းတို့အားလုံး၊ မဟာ ချင်က ဒီလောက်လွယ်လွယ်ကူကူနဲ့ အလျော့ပေးသင့်တယ်လို့ ထင်လား။ " 

ကျောက်ဖူ သူ့လက်အောက်ငယ်သားတွေကို ကြည့်ရင်း ဒီမေးခွန်းကို မေးလိုက်သည်။

"ဘုရင်မင်းမြတ်၊ မဟာ ချင်အနေနဲ့ ဒီလောက်လွယ်လွယ်ကူကူနဲ့ အလျော့မပေးနိုင်ပါဘူး။ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး၊ မဟာ ချင်အနေနဲ့ ပြန်လက်စားချေပြီး၊ မဟာ ချင်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို လူတိုင်းသိအောင် ပြသင့်ပါတယ်။"

  ဝမ်ဂျင်း ရှေ့တက်လာကာပြောလိုက်သည်။

"ဘုရင်မင်းမြတ်၊ ဒီလက်အောက်ငယ်သားက  မဟာ ချင်ရဲ့ စစ်အင်အားနဲ့ ကျွန်တော်တို့နိုင်ငံကိုထူထောင်ဖို့ လမ်းကြောင်းဖွင့်ပေးမယ့် တိုက်ပွဲတွေကိုကျွန်တော်တို့တွေ ပါဝင်တိုက်ခိုက်သင့်တယ်လို့ ထင်ပါတယ်။"

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora