အပိုင်း (၄၄၀)

116 10 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၄၀ )    သွေးမျက်လုံး
Chapter   440 

မသေမျိုးဘေးအန္တရာယ်/ကပ်ဘေးကို မဟာ ချင်မှဖန်တီးခဲ့တယ်ဆိုတာကို မရေမတွက်နိုင်တဲ့ သာမာန်ကစားသမားတွေနှင့် အဖွဲ့အစည်းတွေက ကြားပြီးနောက် သူတို့အားလုံးက ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်ကို လိုချင်နေခဲ့ကြသည်။ သူတို့တွေက ဒီမသေမျိုးဘေးအန္တရာယ်/ကပ်ဘေးရဲ့ အကျိုးဆက်တွေကို အများဆုံးခံစားခဲ့ရတာကြောင့်ပါ။

မသေမျိုးဘေးအန္တရာယ်က ဒေသသုံးခုကိုသာ တိုက်ခိုက်ခဲ့ပြီး၊ သူတို့တွေနှင့် အတော်လေး ဝေးကွာနေခဲ့တာကြောင့် နိုင်ငံခြားအဖွဲ့အစည်းတွေက ဘာမှမတုန့်ပြန်ခဲ့ကြပါဘူး။ အမှန်တကယ်မှာတော့ သူတို့တွေက တရုတ်ကို တတ်နိုင်သမျှ အားနည်းစေချင်နေခဲ့ကြတာပါ။ ဒီအခြေအနေက သူတို့တွေအား တရုတ်ကိုဆန့်ကျင်ဖို့အတွက် အခွင့်အလမ်းပေးနေခဲ့တာပဲ၊ မဟုတ်ပါလား။

သို့သော် ဒီမသေမျိုးဘေးအန္တရာယ်/ကပ်ဘေးက သူတို့ဆီမရောက်လာသေးတာကြောင့် ဒီလိုတွေ့နေခဲ့ကြတာပါ။ အကယ်၍ အဲ့ဒီအရာက ကောလဟာလတွေအတိုင်း အမှန်တကယ် ကြီးမားလာခဲ့ပါက ကျောက်ဖူဟာ နိုင်ငံခြားအဖွဲ့အစည်းတွေနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိတာကြောင့် ဒီကပ်ဘေးက အခြားနိုင်ငံတွေအပေါ်မှာလည်း ကျရောက်သွားတော့မှာပါ။

လက်ရှိအချိန်မှာတော့ တရုတ်ပြည်မှာရှိနေတဲ့ လူတွေအားလုံးက တည်ငြိမ်းအေးချမ်းပြီး၊ အခြေတကျ နေထိုင်လိုနေကြပါပြီ။ ဒီလို တောင့်တချက်က မရေမတွက်နိုင်တဲ့ကစားသမားတွေချည်းပဲတော့ မဟုတ်ခဲ့ပါဘူး။  မရေမတွက်နိုင်တဲ့ အုပ်စုအဖွဲ့အစည်းတွေ၊ ဂိုဏ်းအဖွဲ့တွေနှင့် စစ်တပ်ကလည်း မဟာ ချင်အနေနဲ့ ဒီကပ်ဘေးကို ရပ်တန့်ပေးဖို့ မျှော်လင့်နေခဲ့တာပါ။

သူတို့တွေအနေနဲ့ မဟာ ချင်ရဲ့ အမွေခံကို မတွေ့ဆုံနိုင်တာကြောင့် မရေမတွက်နိုင်တဲ့ လူတွေဟာ ရင်း ရဲ့မိသားစုဆီကိုသာ သွားရောက်ခဲ့ကြပြီး၊ ငြိမ်းချမ်းရေးရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်
မဟာ ချင်ရဲ့ အမွေခံက ဒီခံစားချက်တွေကိုလက်ခံလိမ့်မယ်လို့ သူတို့မျှော်လင့်ထားခဲ့ကြသည်။ ဒီများပြားလှတဲ့လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ရင်း မိသားစုဝင်တွေဟာ ဘာအာမခံချက်မှ မပေးနိုင်ခဲ့ပါဘူး။ ရင်း မိသားစုဝင်တွေဟာ မဟာ ချင်ရဲ့အမွေခံအပေါ် ဘာနှောင်ဖွဲ့ထားမှုမှ မရှိခဲ့တာကြောင့်ပါ။ 

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Hikayelerin yaşadığı yer. Şimdi keşfedin