အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၅၈ ) ကမ္ဘာကြီးရဲ့ ကံကြမ္မာ
Chapter 458လူတိုင်းက ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ပြဿနာက နောက်ဆုံးမှာ ဒေသတွေကြား ချိတ်ဆက်သွားမည့်အချိန်ပဲ ဖြစ်သည်။ သူတို့အနေနဲ့ ဒီအတိုင်းဆက်စောင့်နေလို့ မဖြစ်ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ သိပ်မကြာခင်မှာ မသေမျိုးကပ်ဘေး တရုတ်နယ်မြေဒေသတွေအားလုံးကို ပြန့်နှံ့သွားတော့မှာပါ။ အဲ့ဒီအချိရောက်မှ ဒေသတွေကြား လမ်းပွင့်သွားရင်တော့ သူတို့အနေနဲ့ မဟာ ချင်ကို ကိုင်တွယ်ဖို့ အင်အားမရှိနိုင်တော့ပါဘူး။
သူတို့က ဒီကိစ္စကို အလျင်စလို မလုပ်ခဲ့ကြပါဘူး။ အစိုးရအဖွဲ့အစည်းတွေရဲ့ အရေးကြီးပုဂ္ဂိုလ်တွေက ဒီကိစ္စကို ဆက်ဆွေးနွေးခဲ့ကြသည်။
မင်းဆက်နှင့်နိုင်ငံတွေရဲ့ အမွေခံတွေကတော့ မဟာ ချင်ရဲ့ ထုတ်ပြန်ချက် နှစ်စောင်ကို တွန်းလှန်ဖို့ နည်းလမ်းတွေကို စဉ်းစားခဲ့ကြသည်။ မဟာ ချင်ရဲ့ မသေမျိုးကပ်ဘေးသည် အတော်လေး ကြောက်စရာကောင်းနေခဲ့ပြီး၊ မရေမတွက်နိုင်တဲ့ သာမန်ကစားသမားတွေ မရှိရင်တော့ အဲ့ဒီကပ်ဘေးကို ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ သူတို့တွေက အားနည်းတဲ့ အနေအထားမှာ ရောက်နေခဲ့ပါပြီ။
သူတို့က သာမန်အဖွဲ့အစည်းတွေနှင့်မတူဘဲ မဟာ ချင်နှင့် ဆွေးနွေးညှိနှိုင်းဖို့ နည်းလမ်းမရှိပါဘူး။ နောက်ဆုံးမှာတော့ သူတို့အဖွဲ့အစည်းတွေဟာ အခြားတစ်ဖွဲ့ တည်ရှိမှုကို သည်းမခံနိုင်ကြဘူးဘဲ မဟုတ်ပါလား။ တစ်ဖက်အဖွဲ့အစီး ဖျက်ဆီးခံလိုက်ရမှသာ အောင်ပွဲခံနိုင်ကြမှာပါ။ တရုတ်ကို စုစည်းချင်တဲ့ မည်သူမဆို သူ့ရဲ့ပိုင်နက်အတွင်းမှာ ဒုတိယနိုင်ငံ (သို့) ဒုတိယ အင်ပါယာ ရှိစေချင်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် မင်းဆက်နှင့်နိုင်ငံတွေရဲ့ အမွေခံတွေအနေနဲ့ အလွယ်တကူ အလျော့ပေးခြင်း၊ အရှုံးပေးခြင်းတွေ လုပ်မှာမဟုတ်သလို မဟာ ချင်ကလည်း သူတို့တွေကို ချမ်းသာပေး/ လွှတ်ပေးမှာ မဟုတ်ပါဘူး။ ဒီကိစ္စက သူတို့နှစ်ဖက်ကြားက ပြိုင်ဆိုင်မှုတွေကြောင့်ပါ။