အပိုင်း (၄၁၃)

109 11 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၁၃ )    တက်နေဝန်း ချင် အကယ်ဒမီ စာမေးပွဲ
Chapter   413

အဲ့ဒီနောက် ကျောက်ဖူ ကျောင်းသားတွေရဲ့ အခြေအနေကို ကြည့်ဖို့အတွက် တက်နေဝန်း ချင် အကယ်ဒမီမှာ စာမေးပွဲတစ်ခု စစ်ဆေးဖို့ ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့လိုက်သည်။ ကောင်းကောင်း လုပ်ဆောင်နိုင်သူတွေကိုတော့  အကြီးအကျယ် ပြုစုပျိုးထောင်ပေးမှာပါ။

အရက်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုတော့  နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ခြင်းနဲ့ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်ခြင်းနဲ့ဆိုင်တဲ့ အဓိက ရည်ရွယ်တွေကို စာမေးပွဲဖြေခိုင်းကာ စမ်းသပ်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေ ပိုကောင်းမွန်လေလေ စစ်တပ်ရေးရာကိစ္စတွေအတွက် အခြေခံပို ခိုင်မာလေလေဖြစ်တာကြောင့်ပဲဖြစ်သည်။

စစ်တပ်အဖွဲ့အစည်းတွေကိုတော့ သိုင်းပညာတတ်မြောက် ကျွမ်းကျင်မှုတွေကို စမ်းသပ်မှာပါ။ ဟုတ်ပါတယ်၊ အဲ့ဒီကိစ္စက တိုက်ခိုက်တာတစ်ခုထဲကို စစ်ဆေးတာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ မတူညီတဲ့စွမ်းရည်တွေရှိနေကြတာကြောင့်ပါ။ အချို့လူတွေက အဆင့်အတန်းကောင်းကောင်းတွေကောင်းမွန်တဲ့ သွေးမျိုးဆက်တွေနဲ့ စတင်ပေါက်ဖွားလာခဲ့ကြတာ မဟုတ်ပါဘူး။ ဒါကြောင့်  ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမဲ့ ကျောက်ဖူ လိုချင်တာ အဲ့ဒီအရာတွေ မဟုတ်ပါဘူး။ သူလိုချင်တာက အဲ့ဒီသူတွေက စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲတွေ တိုက်ခိုက်ဖို့ပါ။

သူတို့တွေအနေနဲ့ ပင်ကိုယ်အရည်အချင်းတွေက သာမန်ဖြစ်ပေမယ့် သူတို့ အစွမ်းကုန် ကြိုးစားခဲ့ရင်တော့ ရလဒ်ကောင်းတွေ ရရှိနိုင်သည်။ အဲ့ဒီအတွက် ကျောက်ဖူ သူတို့ရဲ့ကံကြမ္မာတွေကို ပြောင်းလဲဖို့အတွက် အဆင့်အတန်းပြောင်း အော့ဖ်စက်လုံးကို ဆုချမှာပါ။ အဲ့ဒီအရာက ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဝင်္ကပါရဲ့ အကျိုးအမြတ်တွေပဲဖြစ်သည်။

စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံ့သွားတဲ့အခါမှာတော့ မရေမတွက်နိုင်တဲ့ ကျောင်းသားတွေဟာ အတော်လေး စိတ်လှုပ်ရှားသွားခဲ့ကြသည်။ အဲ့ဒီနောက်သူတို့တွေဟာ အဲ့ဒီစာမေးပွဲကို အောင်မြင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်နေခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now