အပိုင်း (၄၂၀)

96 8 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၂၀ )    ၈ ထောင့် ချိတ်ပွင့်တံဆိပ်ပြား
Chapter   420 

ဒီအခိုက်အတန့်မှာပဲ ကျောက်ဖူရဲ့ ဓါးသုံးချောင်းဟာ တစ်စုံတစ်ခုကို ခံစားသွားခဲ့မိပုံရပြီး၊ သူတို့က အချက်အလက်အချို့ကို ကျောက်ဖူဆီ ပို့လိုက်ကြသည်။ ကျောက်ဖူ ဒီအခြေအနေကိုနားလည်ခဲ့ပြီး၊ သူက ပြုံးပြလိုက်ကာ ပြောလိုက်သည်။

"မင်းအနေနဲ့ ငါ့ကို ချိပ်ပိတ်ထားတာတွေကို ပြန်ဖျက်စေချင်လား။ ငါ မင်းကို လွှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းက ငါ့စကားကိုဆောာ့ နားထောင်ရမယ်။ "

ဆွဲဆောင်မှုရှိတဲ့ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက ပြန်ပြုံးပြခဲ့ပြီး၊ ပြောလိုက်သည်။

"ငါ မင်းရဲ့စကား‌ေတွကို နာခံတာဖို့ စိတ်မ၀င်စားဘူး။ ဒါပေမယ့် မင်းအနေနဲ့ ငါ့ကို ကျေနပ်အောင် လုပ်ပေးမယ်ဆိုရင်တော့ ငါ့ စိတ်ကျေနပ်မှာပါ။ ဒါဆိုရင် ငါ့အနေနဲ့ နားထောင်ပြီးသား ဖြစ်သွားမှာပဲလေ။"

ကျောက်ဖူ မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ထပ်မေးခဲ့လိုက်သည်။

"မင်းက ငါ့ကို ချိပ်ပိတ်ထားတာကို ဘာမှမလုပ်စေချင်တာလား။ မင်းက ဒီနေရာမှာ အကြာကြီးနေခဲ့ပြီးပြီပဲ၊ မင်းရဲ့လွတ်လပ်မှုကို မင်း မလိုချင်တော့ဘူးလား"

"ဟုတ်တာပေါ့၊ ငါက ချိပ်ပိတ်ခံထားရတာ ပြန်ဖျက်စေချင်တာပေါ့။ ဒါပေမယ့် အဲဒါနဲ့ယှဉ်ရင်ရင်တော့ ငါ့ခန္ဓာကိုယ်က အရမ်းအားငယ်နေသလို ခံစားနေရတယ်။ မြန်မြန်လုပ်ပါ၊ ငါ့အနေနဲ့  အဲဒါကို မခံစားနိုင်တော့ဘူး"

အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးက ကျောက်ဖူကို ကြည့်လိုက်ပြီး၊ သူမရဲ့အနီရောင်လျှာကို ဆန့်ထုတ်လိုက်ကာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်သည်။ ကြည့်ရတာ သူမက မယုံနိုင်လောက်အောင် ဆာလောင်မွတ်သိပ်နေပုံ ရ‌နေခဲ့သည်။ အဲ့ဒီနောက် သူမဟာ ကျောက်ကုတင်ပေါ်ကနေ ဆင်းလာခဲ့ပြီး၊ သူမရဲ့ ကြီးမားတဲ့ရင်သားတွေကို လှုပ်ခတ်ကာ ကျောက်ဖူဆီ လျှောက်လာခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Donde viven las historias. Descúbrelo ahora