အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၀၂ )
Chapter 402အဲ့ဒီသတင်းကောင်းတွေကတော့ ချင် ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်းဆက်ငါးဆက်နဲ့ နိုင်ငံဆယ်နိုင်ငံခေတ်မှ နှောင်းပိုင်း ကျောက် ပြည်ထောင်နဲ့ ပတ်သက်နေခဲ့သည်။
မဟာ ချင်ဟာ ကျန်းပြည်ထောင်ကို ဖျက်ဆီးခဲ့တာကြောင့် နှောင်းပိုင်း ကျောက်ပြည်ထောင်ဟာ အတော်လေး ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ နှောင်းပိုင်း ကျောက် ပြည်ထောင်အနေနဲ့ ရှေ့က ပြည်ထောင်နှစ်ခုဟာ သူတို့ရဲ့တည်နေရာတွေကို ဘယ်လိုဖော်ထုတ်ခံလိုက်ရသလဲ ဆိုတာကို မသိခဲ့ပါဘူး။ ဒါကြောင့် နှောင်းပိုင်း ကျောက် ပြည်ထောင်အနေနဲ့ အဲ့ဒီပြည်ထောင်နှစ်ခုလို ခုခံနိုင်ခြင်း မရှိတာကြောင့် သူတို့ရဲ့ တည်နေရာ ဖော်ထုတ်ခံရမှာကိုစိုးရိမ်ပြီး၊ သူတို့ရဲ့ တပ်ဖွဲ့တွေအားလုံးကို စနစ်အဓိက မြို့တော်ကြီးကနေ သူတို့ရဲ့မြို့ဆီ ပြောင်းရွှေ့ထားခဲ့ကြတာပါ။
ကစားသမားတွေကို သူတို့ရဲ့မြို့ကို ပြောင်းရွှေ့ခြင်းကြောင့် နှောင်းပိုင်း ကျောက် ပြည်ထောင်ရဲ့ ခုခံနိုင်စွမ်ကို တိုးမြှင့်ပေးနိုင်ပေမယ့် ကစားသမားတွေရဲ့ အကျင့်စရိုက်လက္ခဏာတွေကြောင့်.....
နောက်ပိုင်းမှာ ကျောက် ပြည်ထောင်ရဲ့ တည်နေရာဟာ ပေါက်ကြားသွားနိုင်သည်။နှောင်းပိုင်း ကျောက် ပြည်ထောင်ဟာ မင်းဆက်ငါးဆက်နဲ့ နိုင်ငံဆယ်နိုင်ငံခေတ်ရဲ့ နောက်ဆုံးမင်းဆက်ပဲ ဖြစ်သည်။ နှောင်းပိုင်း ဟန် ပြည်ထောင် ပျက်ဆီးသွားပြီးနောက် ဂေါင်းဝေက နှောင်းပိုင်း ကျောက် ပြည်ထောင်ကို တည်ထောင်ခဲ့တာပါ။ ဂေါင်းဝေကို ဆက်ခံသည့် ချိုင်းရောင်သည် တရုတ်ပြည်အား နောက်တစ်ကြီမ် ပြန်လည်စုစည်းနိုင်ဖို့ ပြင်ဆင်ခဲ့သေးသည်။
အမှန်တကယ်မှာတော့ နှောင်းပိုင်း ကျောက် ပြည်ထောင် တန် မင်းဆက်နောက်ပိုင်း တရုတ်ပြည်ကို စုစည်းဖို့ အလားအလာ အကောင်းဆုံး မင်းဆက်ဖြစ်ခဲ့သည်။ ဒါပေမယ့်လည်း ချိုင်းရောင် စောစောစီးစီး သေဆုံးသွားပြီးနောက် သူ့အားဆက်ခံသည့် ချိုင်းဇောင်ဟာ ထီးနန်းဆက်ခံစဉ်အခါက အသက်ခုနစ်နှစ်အရွယ်သာ ရှိနေခဲ့သေးတာပါ။ သိပ်မကြာမီမှာပဲ ကျောက်ကျောင်းရန်က စစ်တပ်ကို ဦးဆောင်ကာ ပုန်ကန်ခဲ့ပြီး၊ ဆောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။