အပိုင်း (၄၈၄)

88 5 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၈၄ )    မိန်းမလှ ၄ ယောက်
Chapter   484

ဘေးအန္တရာယ် မြင်းစီးသူရဲတွေရဲ့နောက်မှာတော့ မီးခိုးရောင်ဝတ်ရုံတွေဝတ်ဆင်ထားကာ  အရိုးတောင်ဝှေးတွေကိုင်ဆောင်ထားသည့် ကြီးမားသည့် အရိုးစုမှော်ဆရာ ( မှော်စွမ်ရည်အသုံးပြုသူ) အုပ်စုကြီးတစ်စုက လိုက်ပါလာခဲ့ကြသည်။ သူတို့ရဲ့ဦးခေါင်းတွေပေါ်မှာတော့ အနက်ရောင် မီးတောက်မီးလျှံတွေ ရှိနေခဲ့သည်။ ဒီအရိုးစုမှော်ဆရာ အရေအတွက်က ၃၀၀၀၀ ခန့်ရှိသည်။

နောက်ဆုံးအချိန်က ကျောက်ဖူ သူ့ရဲ့ တပ်ဖွဲ့တွေအားလုံးကို တိုပ်ခိုက်ဖို့ မစေလွှတ်ခဲ့ပါဘူး။  ဘေးအန္တရာယ်မြင်းစီးသူရဲတွေက အဲ့ဒီအရိုးစု မှော်ဆရာတွေကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် အရိုးစုမှော်ဆရာ ( မှော်စွမ်ရည်အသုံးပြုသူ) ၃၀၀၀၀ ကို ဖုံးကွယ်သိမ်းဆည်းထားခဲ့သည်။

ကျောက်ဖူ အရိုးစုမှော်ဆရာတွေကို ထိန်းသိမ်းထားရတဲ့ အကြောင်းအရင်းတွေထဲမှ တစ်ခုကတော့ ဒီကောင်းကင်ဘုံနိုးထခြင်းကမ္ဘာမှာ မှော်အတတ်ပညာစွမ်းရည်စကေး ရရှိဖို့က အတော်လေး ခက်ခဲတာကြောင့်ပဲဖြစ်သည်။ ထို့ပြင်တိုက်ခိုက်ခြင်းအပြင် အရိုးစုမှော်ဆရာ ( မှော်စွမ်ရည်အသုံးပြုသူ) တွေဟာ အရိုးစုတွေကိုလည်း ဆင့်ခေါ်နိုင်ကြသည်။

အရိုးစုမှော်ဆရာ ( မှော်စွမ်ရည်အသုံးပြုသူ)တစ်ယောက်ဟာ အရိုးစုငါးကောင်ကို ထိန်းချုပ်နိုင်တာကြောင့် အရိုးစုမှော်ဆရာ ( မှော်စွမ်ရည်အသုံးပြုသူ) ၃၀၀၀၀ သည် အရိုးစုပေါင်း ၁၅၀၀၀၀ ကို ထိန်းချုပ်နိုင်သည်။ ထိုနည်းလမ်းဖြင့် ဘေးအန္တရာယ်မြင်းစီးသူရဲတွေဟာ အရိုးစုပေါင်း ၁၅၀၀၀၀ ကို ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့သည်။ ဒီအချက်က ကျောက်ဖူ အရိုးစုမှော်ဆရာ ( မှော်စွမ်ရည်အသုံးပြုသူ)တွေကိုထိန်းသိမ်းထားခဲ့ရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။

ဒီအရိုးစုတွေဟာ မသေမျိုးကပ်ဘေးမှာ ဆင့်ခေါ်ခံခဲ့ရသူတွေလိုတော့ စွမ်းအားကြီးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က မဟာ ချင်ရဲ့အပြည့်အ၀ ထိန်းချုပ်မှုကို ခံထားရပြီး၊ သူတို့စိတ်ဆန္ဒအတိုင်း မလုပ်ကိုင်နိုင်တာကြောင့် ယုံကြည်စိတ်ချလို့ရနိုင်သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Opowieści tętniące życiem. Odkryj je teraz