အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၄၄ ) ထီးနန်းပုလ္လင်ရယူခြင်း
Chapter 444"ငါတို့ဘာလုပ်သင့်လဲ။ မသေမျိုးဘေးအန္တရာယ် က သတ္တမမြောက်ဒေသကို ရောက်နေပြီ။ အဲ့ဒီကပ်ဘေးက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းတို့ အခုသိသင့်နေပြီ။ ဘယ်သတ္တဝါမှ အသက်မရှင်ကြဘူး။ မြက်ပင်တောင် မကျန်ခဲ့ဘူး။ ငါတို့အနေနဲ့ အဲ့ဒီကပ်ဘေးကို ရပ်အောင်လုပ်မှဖြစ်တော့မယ်။ "
မရေမတွက်နိုင်တဲ့ အဖွဲ့အစည်းတွေက မသေမျိုး ဘေးအန္တရာယ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြသည်။ ဒီကပ်ဘေးက ကြီးမားသထက် ကြီးမားလာခဲ့ရုံသာမက မြန်ဆန်သထက်လည်း မြန်ဆန်လာခဲ့တာကြောင့်ပါ။
မူလက ဒီကပ်ဘေးဟာ ဒေသတစ်ခုကို ဖြတ်သန်းဖို့ အချိန်ရှစ်ရက်ကြာခဲ့သော်လည်း ဒီအချိန်မှာတော့ ၄ ရက်သာ ကြာခဲ့သည်။ ဒီအတိုင်းသာ ဆက်သွားပါက ဒီမသေမျိုးဘေးအန္တရာယ်ကပ်ဘေးက ပိုမို မြန်ဆန်လာတော့မှာပါ။
ထို့ပြင် မသေမျိုးဘေးအန္တရာယ်/ကပ်ဘေးသည် လက်ရှိမှာတော့ လှိုင်းတစ်ခုသာရှိနေခဲ့သည်။ အကယ်၍ ဒီကပ်ဘေးက အရေအတွက်တစ်ခုကို ရောက်သွားပြီး၊ လှိုင်းလုံးများစွာ ခွဲထွက်သွားပါက မြောက်ဘက်ပိုင်းတစ်ခုလုံးကို ချောက်ထဲကျအောင် ဆွဲခေါ်သွားနိုင်သည်။
မြောက်ဘက်ပိုင်း ကျဆုံးသွားတာနဲ့တပြိုင်နက်၊ နောက်ထပ်လာမည့်ကိစ္စက တရုတ်ဒေသတွေ အားလုံးပါ။ မဟာ ချင်ရဲ့အမွေခံသည်ရည်မှန်းချက် အတော်လေးကြီးမားလွန်းပြီး၊ အသက်တွေကို မြက်ပင်တွေလို ရှုမြင်နေခဲ့သည်။ ထို့ကြောင့် အုပ်စုအဖွဲ့အစည်းတွေက ဒီကိစ္စကို အတူတကွပူးပေါင်းပြီး၊ တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
အဖွဲ့အစည်းအားလုံးက ဒီကိစ္စကို နားလည်ပြီးတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခဲ့ကြသည်။ သူတို့တွေအနေနဲ့ ဒီအချိန်မှာ မဟာ ချင်ကို ရပ်တန့်စေဖို့အတွက် တွေဝေမနေတော့ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ နောင်အနာဂတ်မှာ ဒီမသေမျိုးကပ်ဘေးကို ရပ်တန့်ဖို့က အခွင့်အလမ်းရှိမှာ မဟုတ်တော့ပါဘူး။