အပိုင်း (၄၀၇)

112 12 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၀၇ )    အင်ပါယာ
Chapter   407

  မရေမတွက်နိုင်တဲ့လူတွေက နောက်ဆုတ်ပေးလိုက်ကာ နေရာလွတ်တစ်ခု ဖန်တီးပေးလိုက်ချိန်မှာပဲ နန်းကုန်းရှူ သူမရဲ့သားနဲ့ ခြေလှမ်းအနည်းငယ် အကွာမှာ ရှိနေခဲ့သည်။ နှောင်းပိုင်း ကျောက် ပြည်ထောင်ရဲ့ အမွေခံတစ်ယောက်အနေနဲ့ သူက ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်ရတော့မှာပါ။

ချိုင်းရှောင်းဟူ ကျောက်ဖူကို ပြတ်သားတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ပြီး၊ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲကနေ ဓါးတိုတစ်လက်ကို ထုတ်ယူလိုက်ခဲ့သည်။ သူ့ရဲ့အရပ်အမြင့်နဲ့ဆို ဓါးတိုအသုံးပြုတာက အတော်လေး လိုက်ဖက်သင့်တော်နေသည်။ သူက ဓါးတိုကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး၊ ခုခံကာကွယ်တဲ့ အနေအထား ပြင်ဆင်ခဲ့လိုက်သည်။

ကျောက်ဖူ သူ့ရဲ့ သွေးနီရောင်မျက်လုံးတွေနဲ့ ‌ချိုင်းရှောင်းဟူကို ကြည့်လိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေနဲ့ လျှောက်သွားခဲ့သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့ပြီး၊ လေထုက မယုံနိုင်လောက်အောင် ဖိနှိပ်လာခဲ့ပါပြီ။ လူတိုင်းရဲ့အကြည့်တွေက အလယ်မှာရှိနေတဲ့ လူနှစ်ယောက်အပေါ် ကျရောက်သွားခဲ့သည်။ ချိုင်းရှောင်းဟူအနေနဲ့ မဟာ ချင်ရဲ့အမွေခံကို   အနိုင်ယူနိုင်မှာ မဟုတ်ကြောင်း သူတို့အားလုံး သိနေခဲ့ကြသည်။ သူတို့ကြည့်နေရတဲ့ အဓိကအကြောင်းအရင်းက ဘာလဲ။ နှောင်းပိုင်း ကျောက် ပြည်ထောင်ရဲ့အမွေခံ ၁၂ နှစ်အရွယ်ကောင်လေးက ဘယ်လိုသေသွားသလဲဆိုတာကိုပေါ့။

ရုတ်တရက်ဆိုသလို ကျောက်ဖူရဲ့ ခန္ဓာကိုယ်က မှုန်ဝါးသွားခဲ့ပြီး၊ မီတာ၂၀ လောက်ကို ချက်ချင်းဆိုသလို ကျော်ဖြတ်သွားခဲ့ကာ ‌ချိုင်းရှောင်းဟူ  ရှေ့ကို ရောက်သွားခဲ့ပါပြီ။ အဲ့ဒီနောက်သူက ဓါးကို မြှောက်လိုက်ပြီး၊ သာမာန်ခုတ်ချက်တစ်ချက်နဲ့ ခုတ်ချလိုက်သည်။

ဘုန်းး

မယုံကြည်နိုင်လောက်တဲ့ ဖျက်ဆီးခြင်းစွမ်းအားတွေ လိုက်ပါလာတဲ့ ကြောက်စရာကောင်းတဲ့ အနက်ရောင် ဓါးအလင်းတစ်ခု တိုးဝင်သွားခဲ့သည်။ ကြည့်ရတာကတော့ အဲ့ဒီဓါးချက်က  တောင်ငယ်တစ်ခုကို‌ေတာင် ဖျက်ဆီးနိုင်ပုံရနေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now