အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၀၅ ) မြို့ရိုးနံရံ သုံးဖက်
Chapter 405အစစ်အမှန်ကမ္ဘာမှာ လက်ရှိအချိန်က ည ၉ နာရီရှိနေခဲ့ပါပြီ။
လှပသပ်ရပ်တဲ့ အခန်းတစ်ခုအတွင်းမှာေတာ့ မြင့်မြတ်ပြီး၊ လှပတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက် စာအုပ် အနည်းငယ်ရှိနေတဲ့ စားပွဲဘေးမှာ ရှိနေခဲ့ပြီး၊ သူမရဲ့မျက်နှာပေါ်မှာ ချစ်စရာကောင်းတဲ့ အပြုံးလေးတစ်ခုရှိခဲ့ကာ သူမဘေးမှာရှိနေတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပြောလိုက်သည်။
"ရှောင်းဟူ၊ ဒီစာအုပ်တွေက နိုင်ငံတစ်နိုင်ငံကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာတွေနဲ့ စစ်ပညာ စာအုပ်တွေပဲ။ ဒီစာအုပ်တွေကို မင်း သေသေချာချာ ဂရုစိုက်ဖတ်ပါ။ ဒီစာအုပ်တွေက အနာဂတ်မှာ မင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်။ ဧကရာဇ်တစ်ပါးက ပြည်တွင်းရေးကိစ္စတွေကိုသာမက စစ်ရေးကိစ္စတွေကိုပါ ကျွမ်းကျင်နေဖို့ လိုအပ်တယ်။ ဒီလိုမှ မင်းအနေနဲ့ ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေကို လုပ်နိုင်မှာ။ "
အသက် ၁၂ နှစ်အရွယ် ကောင်လေးကို ချိုင်းရှောင်းဟူလို့ခေါ်ပြီး၊ သူက နှောင်းပိုင်း ကျောက် ပြည်ထောင်ရဲ့အမွေခံပဲ ဖြစ်သည်။ သူ့အသက်အရွယ်မှာရှိနေတဲ့ အခြားယောက်ျားလေးတွေထက် အတော်လေးရင့်ကျက်နေခဲ့ပြီး၊ ပြတ်သားတဲ့ စရိုက်လက္ခဏာရှိနေခဲ့သည်။
"နားလည်ပါတယ်။ အမေ"
ချိုင်းရှောင်းဟူ ပြန်ဖြေလိုက်ပြီး၊ စာအုပ်တစ်အုပ်ကို စိတ်ရောကိုယ်ပါနှစ်ကာ ဖတ်နေခဲ့သည်။ သူက အမွေအနှစ်ကို ရရှိပြီးနောက် သူထမ်းဆောင်ရမည့်တာဝန်ဟာ အတော်လေး ကြီးမားတယ်ဆိုတာကို နားလည်ခဲ့သည်။ ထို့အပြင် သူတို့မှာ အင်အားကြီးတဲ့ ရန်သူဖြစ်တဲ့ ဆောင် မင်းဆက်လည်း ရှိနေသေးသည်။ ဒါကြောင့် သူက နှောင်းပိုင်း ကျောက် ပြည်ထောင်ကို တည်ဆောက်နိုင်ဖို့အတွက် အဆက်ပြတ် ကြိုးစားနေခဲ့တာပါ။
ဒါပေမယ့်လည်း ချိုင်းရှောင်းဟူ ဘယ်လောက်ပဲ အလုပ်ကြိုးစားသည်ဖြစ်စေ၊ သူဟာ ငယ်ရွယ်လွန်းတာကြောင့် သူ့ကို သဘောမကျတဲ့သူ အချို့က ရှိနေခဲ့သည်။ ဒီအတွက်ကြောင့် သူမှာနောက်လိုက်လူတွေရရှိဖို့ အတော်လေး အခက်အခဲ ရှိနေခဲ့သည်။