အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၈၁ ) သက်သေပြခြင်း
Chapter 381ရင်းချင် အရာအားလုံးကို မယုံသင်္ကာဖြင့် ကြည့်နေခဲ့ပြီး၊ သူ့ရဲ့အပြုံးဟာလည်း ပျောက်ကွယ်သွားခဲ့သည်။ ကျောက်ဖူအနေနဲ့ မဟာ ချင်ရဲ့ အမွေခံနဲ့ ဘယ်လိုလုပ် ဆက်သွယ်နိုင်နေရတာလဲ။ အခြေအနေက မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲသွားခဲ့ပါပြီ။
......... ....
တစ်ချိန်ထဲမှာပဲ အရှေ့ဖက် အစိမ်းရောင်ဒေသမှာ ရှိနေတဲ့ ရင်း မိသားစုဝင် အနည်းငယ်ဟာ ထိတ်ထိတ်လန့်လန့်၊ စိတ်လှုပ်ရှားစွာနဲ့ စားသောက်ဆိုင်တစ်ခုထဲကို ဝင်သွားခဲ့ကြသည်။
အခုအချိန်မှာ ကွဲပြားခြားနားတဲ့ ဒေသတွေကို သွားလာနိုင်တဲ့ လမ်းကြောင်းတွေ မဖွင့်လှစ်သေးတာကြောင့် မိသားစုခေါင်းဆောင်တွေဟာ အရှေ့ဖက် အစိမ်းရောင်ဒေသကို လာပြီး၊ မဟာ ချင်ရဲ့ အမွေခံနဲ့ မတွေ့ဆုံနိုင်ကြတာပါ။ ဒါကြောင့် မိသားစု ခေါင်းဆောင်တွေက သူတို့ကိုယ်စား အရှေ့ဖက် အစိမ်းရောင်ဒေသမှမိသားစု၀င်တွေကိုသာ မဟာ ချင်ရဲ့ အမွေခံနဲ့ တွေ့ဆုံဖို့ စေလွှတ်လိုက်တာပါ။
ဒီလို အတော်လေးအရေးကြီးတဲ့ လုပ်ငန်းတာဝန်ကို ရရှိခဲ့တာကြောင့် ဒီလူတွေအနေနဲ့ မျှော်လင့်ချက်တွေ၊ စိတ်လှုပ်ရှားမှုတွေ နှစ်မျိုးလုံးကို တစ်ပြိုင်နက် ခံစားနေခဲ့ရသည်။ ဒါ့အပြင် မဟာ ချင်ရဲ့ အမွေခံဆိုတာ သူတို့လိုလူတွေအတွက် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ပဲ မဟုတ်ပါလား။
သူတို့တွေ အခန်းတစ်ခန်းကို ရောက်တဲ့အခါမှာတောာ့ အစွမ်းထက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ အစောင့်အနည်းငယ်ကို တွေ့ခဲ့လိုက်ရသည်။ ဒီအရှိန်အဝါတွေကို ခံစားလိုက်ရတဲ့အခါမှာဝော့ ရင်း မိသားစုမှ လူတွေဟာ အတော်လေး စိတ်ပျက်အားငယ်သွားခဲ့သည်။
ဒီအစောင့်တွေက သူတို့ကိုကြည့်လိုက်ကြပြီး၊ သူတို့တွေကို ရင်းမိသားစုကလားလို့ မေးခဲ့သည်။ သူတို့တွေက မြန်မြန်ဆန်ဆန်ပဲ ခေါင်းညိတ်ပြလိုက်ကြပါတယ်။ အဲ့ဒီနောက် အခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။