အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၅၇ ) သန့်ရှင်းသော သမီးတော် ကြေညာချက်
Chapter 457သန့်ရှင်းသော သမီးတော်ကြေညာချက်သည် မဟာ ချင်အတွက် ဖီးနစ်ချီရှိတဲ့ အမျိုးသမီးတွေကို ရွေးချယ်ဖို့ဖြစ်ပြီး၊ ဒေသတစ်ခုစီကနေ အနည်းဆုံး အမျိုးသမီးဆယ်ယောက်ကို ထောက်ပံ့ပေးရမှာပါ။ သေချာတာပေါ့၊ မဟာ ချင်က သူ့ရဲ့အစီအစဉ်ဖြစ်တဲ့ ဖီးနစ်ချီစုစည်းမယ်ဆိုတာကို ထုတ်ဖော်ပြသမှာ မဟုတ်ဘူးဆိုတာ။ ဒါကြောင့် ကျောက်ဖူ အဲဒီအချက်ကို ထည့်မထားခဲ့ပါဘူး။
မဟာ ချင်ရဲ့ တောင်းဆိုချက်တွေအရ အဲ့ဒီအမျိုးသမီးတွေဟာ အသက် ၁၂ မှ ၄၅ အတွင်းရှိရမှာဖြစ်သည်။ အဲ့ဒီအသက်အပိုင်းအခြားက အတော်လေး ကောင်းမွန်နေခဲ့တာကြောင့်ပါ။ မူလက ကျောက်ဖူ အသက် ၁၈ မှ ၃၀ နှစ်ကြားကို သတ်မှတ်ဖို့ ဆန္ဒရှိခဲ့သည်။ သူတို့တွေက အပျိုစင်တွေဖြစ်တာ အကောင်းဆုံးပါပဲ။
သို့သော် ရှန်းယုရဲ့ အကြံပေးချက်အချို့အရ ကျောက်ဖူ သူဟာ သာမန်လူတစ်ယောက်လို စဉ်းစားနေဆဲဖြစ်ပြီး၊ အကျင့်စာရိတ္တတွေ စည်းမျဉ်းစည်းကမ်းတွေဖြင့် သူ့ကိုယ်သူချည်နှောင်ထားဆဲဆိုတာကို သတိပြုမိခဲ့သည်။ အရွယ်ရောက်နေတဲ့ ဘုရင်တစ်ပါးအနေနှင့် သူ့ရဲ့အကျိုးအမြတ်တွေအတွက်သာ အာရုံစိုက်သင့်သည်။ ကလေးတွေသာ အမှားနဲ့ အမှန်ကို ပြောကြသည်။ ဘုရင်တစ်ပါးအနေနှင့် သူသည် မဟာ ချင်အကျိုးစီးပွားကို ဦးစားပေး စဉ်းစားရန်လိုအပ်သည်။
လက်ရှိအချိန်တွင် မဟာ ချင်သည် ဖီးနစ်ချီကို လိုအပ်နေသည်။ ထို့ကြောင့် ဖီးနစ်ချီကို ပံ့ပိုးပေးနိုင်တဲ့သူ မည်သူမဆိုနဲ့ အလုပ်လုပ်ရမှာပ်။ သူ့အကြောင်းသမိုင်းပညာရှင်တွေက နောက်ပိုင်းမှာ ပြောမယ့်အရာကို ဘာကြောင့်ဂရုစိုက်နေဖို့လိုအပ်မှာလဲ။ နောက်ဆုံးမှာတော့ အနိုင်ရသူတွေကသာ သမိုင်းကို ရေးခဲ့ကြတာပါ။
ဒီကြေညာချက်တွင် အသက်အပိုင်းအခြားမှလွဲ၍ အခြားလိုအပ်ချက်တစ်ခုရှိနေတာက အဲ့ဒီအမျိုးသမီးတွေဟာ လှပဖို့ လိုအပ်ပြီး၊ သူမတို့က အလွန်အမင်းလှပဖို့ လိုအပ်သည်။ အမျိုးသမီးတစ်ယောက်သည် ပိုလှပလေလေ သူမဆီမှ ဖီးနစ်ချီပမာဏများစွာရရှိဖို့ အလားအလာပိုများလေလေဖြစ်သည်။