အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၃၃ ) ကပ်ဘေးစတင်ခြင်း
Chapter 433ကျောက်ဖူ ပထမဦးစွာ လေဟာနယ်သားရဲသိမ်းပိုက်ထားတဲ့ စကြဝဋာသားရဲတွင်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဝိုင်ဗန်နဂါးကို အဲ့ဒီသားရဲတွင်းအား သိမ်းပိုက်ခိုင်းခဲ့သည်။ ဝိုင်ဗန်လေးက အတော်လေး အမိန့်နာခံမှုရှိပြီး၊ သူရဲ့အတောင်ပံတွေကိုခတ်ကာ အဝိုင်းပုံစင်မြင့်ဆီပျံသွားခဲ့ပြီး၊ သားရဲတွင်းကို သိမ်းပိုက်ခဲ့သည်။
အဲ့ဒီနောက် ကျောက်ဖူ နဂါးလေးကို သူ့အားပြုစုစောင့်ရှောက်ဖို့ တာဝန်ပေးထားသူတွေဆီကို လွှဲပြောင်းပေးခဲ့ပြီး၊ စကြာဝဋာသားရဲတွင်ရဲ့ အချက်အလက်စာရင်းတွေကို ကြည့်လိုက်တဲ့အခါ ကျေနပ်သောအပြုံးတစ်ခု သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့သည်။
ဒီစကြာဝဋာသားရဲတွင်းက ကျပန်းအသက်အရွယ် ဝိုင်ဗန်နဂါးတွေကို မွေးထုတ်ပေးနိုင်သည်။ ဒီကိစ္စက 'မူလ'ဆိုတဲ့ နေရာမှာ ပေါ်ပေါက်လာကြတဲ့ ဒေသခံနေထိုင်သူတွေ ထွက်ပေါ်လာတာမျိုးနဲ့ ဆင်တူနေခဲ့သည်။ ဒီစကြဝဋာသားရဲတွင်းက ဝိုင်ဗန်နဂါး အသက်အရွယ်အမျိုးမျိုး ထွက်ပေါ်ပေါက်ဖွားလာစေနိုင်သည်။ ဥပမာ - ဝိုင်ဗန်နဂါးပေါက်၊ အိုမင်းနေတဲ့ ဝိုင်ဗန်နဂါး၊ အရွယ်ရောက် ဝိုင်ဗန်နဂါးတို့လိုမျိုးပါ။
အရွယ်ရောက်နေတဲ့ ဝိုင်ဗန်နဂါးတွေဟာ အဆင့် (၅) သန်မာမှု ခန်အားရှိနေတာကြောင့် ဒီနဂါးတွေဟာ မဟာ ချင်ရဲ့ ကြောက်စရာအကောင်းဆုံး အင်အားစုဖြစ်လာမှာပါ။ အရွယ်မရောက်သေးတဲ့ ဝိုင်ဗန်နဂါးတွေတောင် အဆင့် ၃ စွမ်းအားရှိပြီး၊ သးတို့ကို ချက်ချင်းပဲ အသုံးပြုနိုင်သည်။ မွေးကင်းစ ဝိုင်ဗန်နဂါတွေကိုသာ ချက်ချင်း အသုံးပြုလို့ မရတာပါ။
ဒီဝိုင်ဗန်နဂါးတွေနဲ့သာ ဆိုရင်တော့ မဟာ ချင်အနေနဲ့ သူ့ရဲ့ လမ်းကြောင်းမှာရှိနေတဲ့ အခက်အခဲ အတားအဆီးတွေအားလုံးကိုသုတ်သင်ရှင်းလင်းနိုင်မှာဖြစ်ပြီး၊ မဟာ ချင်ကို ရပ်တန့်နိုင်မည့်လူက အနည်းငယ်လောက်သာ ရှိနိုင်တော့မှာပါ။ သို့သော် ဒီဝိုင်ဗန်နဂါးတွေ ပေါက်ဖွားဖို့အချိန်က အနည်းငယ် နှေးနေခဲ့သည်။ ဝိုင်ဗန်နဂါးတစ်ကောင် ပေါ်ပေါက်လာဖို့အတွက် အချိန်ဆယ်ရက်လောက်ကြာသည်။
![](https://img.wattpad.com/cover/299897504-288-k396452.jpg)