အပိုင်း (၄၈၁)

96 5 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း   ( ၄၈၁ )    ကိုယ့်အားကိုယ်ကိုးပါ
Chapter   481

ရှီဂျင်း မြို့တော်အရှင်သခင်စည်းတံဆိပ်ရဲ့ စွမ်းအားကို ဆုံးရှုံးသွားသည်နှင့် သူသည် သာမာန် အဆင့် ၄ ကျင့်ကြံသူ တစ်ယောက်သာဖြစ်လာခဲ့သည်။ ဒီအခြေအနေကြောင့် သူ့အနေနဲ့ ကျောက်ဖူကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်တော့မှာလဲ။ ဒီအချိန်မှာတော့ ကျောက်ဖူဟာ သူ့ရဲ့နိုင်ငံတော်အဆင်တန်ဆာနှင့် မျိုးနွယ်စုအဆင်တန်ဆာကိုတောင် ထုတ်မသုံးဘဲ သူ့ရဲ့ မြို့တော်အရှင်သခင်စည်းတံဆိပ်ကိုသာ အသုံးပြုခဲ့ရင်တောင် ရှီဂျင်းအနေနှင့် ကျောက်ဖူကို တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။

"ငါ မင်းကို ကောင်းကင်ဘုံကျောက်တုံးမြို့တော်ကို ပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကိုအသက်ချမ်းသာပေးပါ။ "
 
  အခုအချိန်မှာတော့ ရှီဂျင်း သူ့အနေနဲ့ ကျောက်ဖူကို ရင်မဆိုင်နိုင်တော့တာကြောင့် သူက ကျောက်ဖူကို အလျှော့ပေးပြီး၊ မေးခဲ့လိုက်ရသည်။

ကျောက်ဖူ အေးစက်စက်နဲ့ ရယ်မောလိုက်ခဲ့သည်။ သူ့အနေနဲ့ သူတို့တွေကို ဘယ်လိုလုပ်ပြီး အသက်ချမ်းသာပေးရမှာလဲ။ နောက်ဆုံးမှာတော့ ရှီဂျင်းဟာ အဆင့် ၄ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တာကြောင့် အနာဂတ်မှာ သူ့အတွက် ပြဿနာဖြစ်လာနိုင်သည်။ ထို့ကြောင့် ပေါင်းပင်တွေကို အမြစ်ကနေဖြတ်ပြီး၊ ဖယ်ရှားပစ်ခြင်းက အကောင်းဆုံးပဲဖြစ်သည်။ ကျောက်ဖူ ရှီဂျင်းရဲ့စကားကို ပြန်မဖြေတော့ဘဲ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တွေဖြင့် တိုက်ရိုက်တိုက်ခိုက်ခဲ့လိုက်သည်။

ဒီအခြေအနေကိုမြင်တဲ့အခါမှာတော့ ရှီဂျင်း ပြောလိုက်သည်။

  "ဆရာ၊ မြို့တော်အရှင်သခင်စည်းတံဆိပ်နဲ့အတူ ငါ့ကိုယ်ငါ ဖျက်ဆီးလိုက်မှာကို မင်းက မစိုးရိမ်ဘူးလား။ ငါ့အနေနဲ့ ဒီမြို့တော်အရှင်သခင်စည်းတံဆိပ်ရဲ့စွမ်းအားကို အသုံးမချနိုင်ခဲ့ရင်တောင် ငါက ဒီအရာနဲ့အတူ ကိုယ့်ကိုကိုယ်တော့ ဖျက်ဆီးနိုင်ပါသေးတယ်။  “

ဒီကိစ္စက ကျောက်ဖူကို ရပ်တန့်သွားစေခဲ့သည်။ တကယ်လို့ ဒီမြို့တော်အရှင်သခင်စည်းတံဆိပ်သာ ကိုယ်တိုင်ဖျက်ဆီးခံလိုက်ရရင်တော့ စနစ်အဓိကမြို့တော်ကြီးကနေ အဆင့်မြင့်မြို့တစ်မြို့အဖြစ်သို့ အဆင့် ကျဆင်းသွားနိုင်သည်။ ထို့အပြင် မြို့တော်အရှင်သခင်စည်းတံဆိပ်က ထပ်မံသေးငယ်သွားတော့မှာပါ။ သူ့အနေနဲ့ ဒီလိုဖြစ်သွားမှာကို မလိုချင်ပါဘူး။ နောက်ဆုံးမှာတော့ အဆင့်မြင့်မြို့ကြီးတစ်မြို့ဆိုတာဟာ စံနစ်အဓိက မြို့တော်ကြီးတစ်မြို့ထက် အဆပေါင်းများစွာ တန်ဖိုးနည်းနေခဲ့တာပဲ၊ မဟုတ်ပါလား။

အင်ပါယာရဲ့ အရှင်သခင် (The Lord's Empire)  အတွဲ (၁/၃)Where stories live. Discover now