အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၃၇၈ ) ကမ္ဘာကြီးကို အုပ်ချုပ်နိုင်တဲ့ စွမ်းအား
Chapter 378" စောင့်ပါဦး ဒီလိုမျိုး ကိစ္စတစ်ခုကြောင့် လူတစ်ယောက်ကို သတ်ဖြတ်တယ်ဆိုတာ ဆုံးဖြတ်ချက် အရမ်းမြန်လွန်းတယ်။ "
ရင်းချင်ရဲ့ အမိန့်ကို လိုက်နာပြီး၊ အစောင့်တွေ ကျောက်ဖူဆီကို လာနေတာတွေ့တဲ့အခါမှာတော့ ဝူချန်းနန် ချက်ချင်းဆိုသလို ကျောက်ဖူရှေ့ထွက်လာခဲ့ကာ ပိတ်ရပ်လိုက်ပြီး၊ ပြောဆိုလိုက်သည်။
ဒီအခြေအနေကိုတွေ့တဲ့အခါမှာတော့ အစောင့်တွေ အတော်လေး တွေဝေသွားခဲ့ကြပြီး၊ ရင်းချင်ကို ကြည့်လိုက်ကြသည်။
ဝူချန်းနန် ကျောက်ဖူကို ကာကွယ်နေတာကို မြင်တဲ့အခါမှာတော့ ရင်းချင် ပိုဒေါသထွက်သွားခဲ့ပြီး၊ အေးစက်စက် ချောင်းဟန့်လိုက်ကာ သူ ပြောလိုက်သည်။
“ ချန်းနန်၊ မင်းက ဒီလိုမျိုးလုပ်ဖို့ တကယ်လိုအပ်လို့လား။ အဲ့ဒီကောင်လိုမျိုး နိမ့်ကျတဲ့လူတစ်ယောက်အတွက် ငါတို့ရဲ့ဆက်ဆံရေးကို ဘာကြောင့် ထိခိုက်ခံနေရတာလဲ။ "
ရင်းချင် သူမကြောင့် ကျောက်ဖူကို သတ်ပစ်ချင်နေတယ်ဆိုတာ ဝူချန်းနန် သိရှိသွားခဲ့ပြီး၊ ကျောက်ဖူကို အတော်လေး တောင်းပန်ချင်သွားခဲ့သည်။ အဲ့ဒီနောက် သူမက ကျောက်ဖူကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမရဲ့မျက်နှာမှာ လှပတဲ့အပြုံးတစ်ခုပေါ်လာခဲ့ပြီး၊ ပြောလိုက်သည်။
" ဘာကြောင့်လဲဆိုတော့ သူက ကျွန်မရွေးချယ်ထားတဲ့ သူဖြစ်နေလို့ပဲ။"
ဒီစကားတွေကို ကြားလိုက်ရတဲ့အခါမှာတော့ မရေမတွက်နိုင်အောင် များပြားတဲ့လူတွေဟာ မယုံနိုင်လောက်အောင် အံ့အားသင့်သွားခဲ့ကြသည်။ ယခင်က သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ကြည့်ရတာ ရင်းရင်းနှီးနှီးရှိပုံရပေမယ့် ဝေဝေဝါးဝါးဖြစ်နေပုံပါ။ ဒါပေမဲ့ အခုလို သူမက ဒီလိုပြောလာခဲ့တာကြောင့် ကျောက်ဖူနဲ့ သူမဟာ တရားဝင် ဖြစ်သွားခဲ့ပါပြီ။ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အတော်လေး နီးကပ်ပြီး၊ နွေးနွေးထွေးထွေး ရှိနေခဲ့ပုံရသည်။