အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၃၅ ) မသေမျိုးစစ်တပ်
Chapter 435အဲ့ဒီဒေသဟာ လုံးဝရေလွှမ်း/ရေကြီးနစ်မြုပ်သွားသည်ဆိုတာကို လူတိုင်းသိနေခဲ့ကြပြီး၊ ပုံမှန်မဟုတ်တဲ့ အခြေအနေအချို့က အဲ့ဒီအလောင်းတွေကို မသေမျိုးအဖြစ် ပြောင်းလဲသွားစေခဲ့တယ်လို့ လူအများက မှန်းဆခဲ့ကြသည်။
သို့သော် ဒီမသေမျိုးဘေးအန္တရာယ်သည် မဟာ ချင်ကြောင့် ဖြစ်လာခဲ့သည်ဆိုတာကိုတော့ မည်သူမျှ ထင်မထားခဲ့ကြပါ။ ဒီအခြေအနေကြောင့် ဖြစ်လာနိုင်တဲ့အန္တရာယ်ကို မည်သူမျှ သတိမထားမိခဲ့ကြပါ။ ဒေသတစ်ခုလောက်သာ ပျက်စီးသွားလိမ့်မည်ဟု လူတိုင်းက ထင်မှတ်နေခဲ့သည်။
လူပေါင်းများစွာက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ကြပေမယ့် ပျော်ရွှင်သွားခဲ့ကြသည်။ ဘာကြောင့်လဲဆိုတော့ မသေမျိုးတွေ တိုက်ခိုက်တာခံရတဲ့နေရာက သူတို့ရဲ့ဒေသမဟုတ်ခဲ့တာကြောင့်ပါ။ သို့သော် အဲ့ဒီဒေသမှာရှိနေတဲ့ ကစားသမားတွေအားလုံးကတော့ စိုးရိမ်ပူပန်လာခဲ့ကြသည်။
ဒီဒေသမှာတော့ အရိုးစုသမုဒ္ဒရာကြီးဟာ ဖိနှိပ်နိုင်တဲ့ အရှိန်အဝါတွေ ထုတ်လွှတ်ကာ မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့ပြီး၊ သူတို့တွေက ရှေ့ကို ဆက်လက်ချီတက်လာခဲ့ကြသည်။ ဒီအချိန်မှာတော့ သူတို့တွေဟာ ကီလိုမီတာထောင်ပေါင်းများစွာကို ဖုံးလွှမ်းထားခဲ့ပါပြီ။ အဲ့ဒီနောက် ဘေးအန္တရာယ်မြင်းစီးသူရဲတွေက မသေမျိုးဘေးအန္တရာယ်စွမ်ရည်စကေးကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုခဲ့လိုက်သည်။ ဒီအခြေအနေကြောင့် အရိုးစုသမုဒ္ဒရာကြီးသည် ပိုကြီးထွားလာခဲ့ပြီး၊ အရိုးစုတပ်ဖွဲ့ကြီးရဲ့ အရှိန်အဝါသည် အားကောင်းသထက် ပိုအားကောင်းလာခဲ့သည်။
အရိုးစုအချို့က တိုးတက်ပြောင်းလဲလာနိုင်ဖို့အတွက် လုံလောက်တဲ့အသက်စွမ်းအားတွေကို စုဆောင်းနိုင်ခဲ့ကြပြီး၊ သူတို့တွေဟာ အသိဥာဏ်အချို့ ရရှိလာတဲ့အခါမှာတော့ သူတို့ရဲ့ဝိညာဉ်မီးတောက်တွေသည် ပို၍ ကြီးမားလာခဲ့သည်။ သူတို့ရဲ့ အရိုးတွေဟာလည်း ပိုကြီးမားလာခဲ့ကာ သူတို့မှာရှိနေတဲ့ သေခြင်းစွမ်းအင်တွေကို အသုံးပြုကာ အရိုးတွေကို လက်နက်တွေအဖြစ် သိပ်သည်းလိုက်ခဲ့ကြသည်။