အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၉၂ ) ငွေရေကန် အင်မော်တယ်
Chapter 492နောက်ဆုံးမှာတော့ ကျောက်ဖူ ကိုဘိုးလ်ဒေသခံ ၁၆၀၀၀၀နဲ့ စစ်သည် ၄၀၀၀၀ ကို ရရှိခဲ့သည်။ ပေါင်းလိုက်ရင်တော့ ကိုဘိုးလ် ၂၀၀၀၀၀ လောက်ရှိနေခဲ့သည်။ ဒီလူတွေနဲ့ဆိုရင်တော့ မဟာ ချင်ဟာ လူဦးရေ ၂.၅ သန်းကို ရောက်ရှိသွားတော့မှာပါ။
ကိုဘိုးလ် စစ်သည် ၄၀၀၀၀ က အဆင့် ၁ စစ်သည်တွေဖြစ်ကြတာကြောင့် သူတို့တွေကိုပြုစုပျိုးထောင်ဖို့အတွက် ဘာအရင်းအနှီးမှမလိုပဲ အဆင့် ၁ စစ်သည် ၄၀၀၀၀ ကို အလကား (အခမဲ့) ရရှိခဲ့တယ်လို့ ဆိုနိုင်သည်။
လူအများအပြားအပြင် ငွေနှင့် ပစ္စည်းကိရိယာ(Items) များစွာကိုလည်း ရရှိခဲ့သည်။ အနောက်ပိုင်း ဒယ်အိုးမြို့တော်ကို ရောင်းချလိုက်တဲ့ ကွဲကြေသံမဏိပါဝင်တဲ့ လက်နက်ကိရိယာတွေကိုပါ ပြန်လည်ရရှိခဲ့သည်။ ဒီပစ္စည်းတွေအတွက် မဟာ ချင်အနေနဲ့ ကုန်သွယ်တဲ့နေရာမှာ အရှုံးမရှိခဲ့ပါဘူး။ ဒီပစ္စည်းတွေကို အရောင်းအဝယ်လုပ်ခဲ့တဲ့အချိန်တိုင်းမှာ ပြန်လည်ရရှိခဲ့တာကြောင့်ပါ။
"ဘုရင်မင်းမြတ်၊ ဒီလူက ဆိုင်လွန်ဟင်းခတ်အမွှေးအကြိုင် ဖော်စပ်နည်းကို သိတယ်ပြောနေပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ဒီနေရာခေါ်လာခဲ့ပါတယ်။"
ဆိုပြီး၊ စစ်သူကြီးတစ်ယောက်က အရိုအသေပေးကာ ပြောလိုက်ကြသည်။
"ဆိုင်လွန်ဟင်းခတ်အမွှေးအကြိုင် ဟုတ်လား။"
ကျောက်ဖူ ဒီပစ္စည်းကို အနည်းငယ်စိတ်ဝင်စားနေခဲ့သည်။ အဲ့ဒီနောက် သူက ခေါင်းညိတ်ပြလိုက်ပြီး၊ အဲ့ဒီသူကို ခေါ်ဆောင်လာဖို့ အချက်ပြလိုက်သည်။
"ဒီနိမ့်ကျတဲ့သူက အရိုအသေပေးပါတယ်။ အရှင်သခင်"
ဘီလင်း ဝင်ရောက်လာခဲ့ပြီး၊ အရိုအသေပေးကာ ပြောလိုက်သည်။ ကျောက်ဖူ ဘီလင်းဖြစ်နေတာကို သိလိုက်ရတာကြောင့်အတော်လေး အံ့သြသွားခဲ့ရသည်။ ကျောက်ဖူ ဘီလင်းအပေါ်မှာ အထင်ကြီးမှုအချို့ရှိကာ အချို့အရာတွေအပေါ်မှာ ဂရုတစိုက်လုပ်တတ်တာကြောင့် အလား အလာကောင်းအချို့ရှိနေတယ်လို့ တွေးထားခဲ့တာပါ။